တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွတွင် (၇) ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

နိရဉ္စရာ၊ မေ ၁၄/ ၂၀၂၂
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်ဖြစ်သည့် မရမာကြီးတို့၏ (၇) ကြိမ်မြောက် အမျိုးသားနေ့ကို ယနေ့ မေလ ၁၄ ရက်နေ့တွင် စစ်တွေမြို့၊ကျောင်းတက်လမ်း ရပ်ကွက်ရှိ မရမာကြီး ဘုန်းတော်ကြီး (ကျောင်းဟောင်း)၌ ကျင်းပခဲ့သည်ဟု သိရသည်။
အဆိုပါပွဲကို မရမာကြီးတိုင်းရင်းသားမဟာဗောဓိလူမှုရေးအသင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပွဲတွင် မရမာကြီးတိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြပြီး မရမာကြီးတိုင်းရင်းသားလူမျိုးများ၏ နာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇောတိက မဟာထေရ်မြတ်မှ ဩဝါဒကထာမိန့်ကြားသည်။
မရမာကြီးအမျိုးသားနေ့ကို ကဆုန်လပြည့်နေ့ကို သတ်မှတ်ထားပြီး နှစ်စဉ် အခမ်းအနားပြုလုပ်ကျင်းပကြသည်။ ယနေ့ ပြုလုပ်သည့် အခမ်းအနားသို့ ဖိတ်ကြားသူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မရမာကြီးလူမျိုးများမှာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်ဖြူမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေထိုင်ကြပြီး လက်ရှိတွင် လူဦးရေ(၁၅၀၀၀) ဦးခန့်ရှိကြောင်းသိရသည်။ (NN-11)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!