တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရခိုင်နယ်ဒေသများတွင် စပါးဈေးကောင်းရနေသော်လည်း လယ်သမားအမြတ်များများမရကြဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 7.5k

နိရဥ္စရာ၊ မတ် / ၂၀၂၃

ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံးတွင် ယခုနှစ်အတွင်း စပါးဈေးကောင်းရနေသော်လည်း စိုက်ပျိုးရေး ကုန်ကျစရိတ်များပြားမှုကြောင့် လယ်သမားများအတွက် အမြတ်မကျန်ဟု ဒေသခံတောင်သူလယ်သမားများက ပြောသည်။

ယခင်နှစ်က ယခုအချိန်ကာလမျိုးတွင် ပေါ်ဆန်မွှေးစပါးတောင်းတစ်ရာကို ၄ သိန်းကျပ်အထိသာ ရှိခဲ့သော်လည်း  ယခုနှစ်တွင် ပေါ်ဆန်းမွေးစပါး တောင်းတစ်ရာကို ၈ သိန်းအထိရှိနေသည်ဟု သိရသည်။

 

ဧည့်မထစပါးအုပ်စု တောင်းတစ်ရာလျှင် ယခင်နှစ်က ကျပ် သိန်းဝန်းကျင်ခန့်သာရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် သိန်းအထိရှိနေကာ ယခင်နှစ်ထက် တစ်ဆပိုပြီး စျေးကောင်းရနေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

 

"စပါးတွေက အရင်နှစ်ကထက် တစ်ဆပိုပြီးစျေးကောင်းရနေတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ တောင်သူလယ်သမားတွေအဖို့ ဒီစပါးစျေးက ခံသာလားဆိုတော့ မခံသာဘူး။ ဘာလို့ဆို တောင်သူလယ်သမားတွေမှာ စိုက်ပျိုးစရိတ်ချေးငွေတွေ။ သွင်းအားစုခတွေ ပေးရတာတွေရှိတယ်။ တောင်သူအများစုက ရိတ်သိမ်းချိန်ကနေ စပါးတွေရောင်းချပြီး သွင်းအားစုခတွေ ပေးချေလိုက်ကြရတယ်။ ဒါကြောင့်မလို့ ဒီစျေးကောင်းရနေတဲ့အချိန်မှာ တောင်သူတွေဆီမှာက ဗလာဖြစ်နေပြီလေ။ အမြတ်မကျန်ဘူး။ စပါးကိုသိုလှောင်ထားကြတဲ့ တစ်ချို့တောင်သူကြီးတွေမှ အဆင်ပြေကြတာပါ" ဟု ပြောသည်။

ရခိုင်တွင် မိုးရာသီစပါးများစိုက်ပျိုးခဲ့ချိန်က မိုးရွာသွန်းမှုနည်းပါးခြင်း၊ မုန်တိုင်း တိုက်ခတ်ခဲ့ခြင်းတို့ကြောင့် ပြီးခဲ့သည့်စပါးအထွက်ရာသီတွင် စပါးအထွက်နှုန်း လျော့နည်းခဲ့သည်ဟု လယ်သမားများက ပြောသည်။

ယင်းအပြင် တကျော့ပြန်တိုက်ပွဲကာလများအတွင်းက စပါးများရိတ်သိမ်းချိန်ရောက်နေပြီ ဖြစ်သော်လည်း သွားရောက်ရိတ်သိမ်းခွင့်မရ၍ ရိတ်သိမ်းချိန်နောက်ကျခဲ့ရကာ စပါးအချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း ဆိုကြသည်။

ကျောက်တော်မြို့နယ်မှ လယ်သမားတစ်ဦးက "စပါးက ရိတ်သိမ်းနေချိန်တုန်းက ဈေးကောင်းတော့ မရခဲ့ဘူး။ မနှစ်ကစျေးအတိုင်းပဲရှိနေသေးတယ်။ ဘယ်လောက်မှမကြာလိုက်ဘူး။ အခု စပါးတွေ စျေးကောင်းရလာနေတာဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်တွင် စပါးစျေးတက်နေခြင်းမှာ ပြည်တွင်းစားသုံးရန်စပါးများကို ဝမ်းစာအဖြစ် ဝယ်ယူလိုက်ခြင်းတို့ကြောင့် စပါးများတက်သွားကာ စျေးကောင်းရနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့ရာတွင် ယခုမတ်လမှစတင်ကာ ရခိုင်တွင် စပါးစျေးများ လျော့ကျသွားနိုင်သည်ဟုလည်း ကျောက်တော်မြို့နယ်မှ လယ်သမား ဦးအောင်ကျော်မြက ပြောသည်။

"ပြည်မဘက်မှာက နွေစပါးတွေလည်း များများစားစားထွက်တော့မှာဆိုတော့ ပြည်မဘက်က စပါးတွေဝင်လာရင် ဒီလထဲမှာပဲ စပါးစျေးတွေလျော့ကျသွားနိုင်တယ်။ ပြီးတော့ ဇူလိုင်လ၊ သြဂုတ်လလောက်မှာပဲ စပါးစျေးတွေပြန်တက်လာနိုင်တယ်" ဟု ပြောသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏စာရင်းအရ ရခိုင်ပြည်တွင် စပါးစိုက်လယ် ဧကပေါင်း ၁၂ သိန်းခွဲကျော်ရှိသော်လည်း ပြီးခဲ့သည့် စပါးစိုက်ရာသီအတွင်း အကြောင်းအမျိုးမျိုးကြောင့် လယ်ဧက ၈ သိန်းခွဲ ကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကာ စပါးအထွက်နှုန်းလည်း လျော့နည်းခဲ့ရသည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ