တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ဟွန်ဒါစက်လှေဖြင့်စျေးသွား၍ ပြန်လာသူ ၁ ဦး ၅ ရက်ကြာ ပျောက်ဆုံးနေ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 769

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ဝန်ဖိုက်ကျေးရွာမှ အမျိုးသား ၁ ဦးသည်ဟွန်ဒါစက်လှေဖြင့် စျေးဝယ်၍ပြန်လာစဉ် အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေသည်မှာ ၅ရက်ကြာရှိပြီဖြစ်၍ မိသားစုဝင်များ အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

ပျောက်ဆုံးနေသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းအထက်ပိုင်းရှိ ဝန်ဖိုက်ကျေးရွာမှ ဦးခိုင်ကျော်ထွန်း(၃၇)နှစ်ဖြစ်သည်။

သူသည် ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်၊ညနေ ၇ နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ သြရမကျေးရွာမှဟွန်ဒါစက်လှေဖြင့်စျေးဝယ်၍ သြရမချောင်းအတိုင်းပြန်လာစဉ် စက်လှေနှင့်အတူပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ဝန်ဖိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနီနီက ပြောသည်။


"
ခိုင်ကျော်ထွန်းဟာ ကိုယ့်လယ်တဲမှာ တစ်ယေက်တည်း နေထိုင်သူဖြစ်ပါတယ်။ အဲဒီနေ့က လိုအပ်တာတွေကို စျေးသွားဝယ်မယ်လို့ သူ့အမျိုးသမီးကို ပြောခဲ့တယ်တဲ့။ အဲဒီနေ့ညနေကနေ ခုထိ ပျောက်နေတာ"ဟု ပြောသည်။

လက်ရှိတွင် ပျောက်ဆုံးနေသူအား ရွာသားများနှင့် အနီးနားကျေးရွာဒေသခံများက ဝိုင်းဝန်းရှာဖွေနေကြသည်ဟု ဆိုသည်။

ပျောက်ဆုံးနေသူတွင် ဇနီးနှင့်အတူ သားငယ်တစ်ဦးရှိကြောင်း သိရသည်။

ဝန်ဖိုက်ကျေးရွာဒေသတွင် ရေကြောင်းကိုသာ အဓိကအားထားအသုံးပြုသွားလာနေရသည့်ဒေသဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဦးခိုင်ကျော်ထွန်း ပျောက်ဆုံးနေခဲ့သည့်ရက်ပိုင်းတွင် ရခိုင်၌ မိုးသည်းထန်ပြီး မြစ်ရေများလျှံကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်အချိန်ဖြစ်သည်။ 

ဓာတ်ပုံ - ပျောက်ဆုံးနေသူကို ရှာဖွေနေသည့်စက်လှေများအား ဝန်ဖိုက်ကျေးရွာဆိပ်ကမ်းတွင် တွေ့ရစဉ်။

ဆက်စပ် သတင်းများ