စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ဘူးသီးတောင်အခြေစိုက် စကခ ၁၅ အပါအဝင် ခမရ ၅၆၄၊ ၅၆၅ နှင့် ၅၅၁ တပ်ရင်းတို့ကို AA သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

နိရဉ္စရာ၊ မေလ /၂၀၂၄

ဘူးသီးတောင်အခြေစိုက် စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ အပါအဝင် ခမရ ၅၆၄၊ ၅၆၅ နှင့် ၅၅၁ တို့ကို အာရက္ခတပ်တော် (AA)က  သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိကြောင်း AA နှင့် နီးစပ်သည့် ဒေသခံများက ပြောဆိုသည်။

၎င်းစခန်းများကို မေလ ရက်နေ့ နာရီက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

အာရက္ခတပ်တော်နှင့် နီးစပ်သူ တစ်ဦးကလည်း စကခ (၁၅) ခမရ ၅၆၄၊ ၅၆၅ နှင့် ၅၅၁ တို့ကို အာရက္ခတပ်တော် (AA)က  သိမ်းပိုက်လိုက်ပြီဟု ပြောကြားသည်။

အာရက္ခတပ်တော်မှ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) အပါအဝင် တပ်ရင်း တပ်ဖွဲ့များအား ဧပြီလ ၂၇ ရက်နေ့ အရှိန်မြင့်တင် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ခုနှစ်ရက်ခန့်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ဒေသအတွင်းက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးကလည်း ၎င်းတပ်ရင်းများကို သိမ်းပိုက်လိုက်သည်မှာ ရာနှုန်းပြည့်သေချာကြောင်း ပြောကြားသည်။

ဧပြီ ၃၀ ရက်နေ့ကတည်း အာရက္ခတပ်တော်၏ ထိုးစစ်ကို မခံနိုင်၍ ဘူးသီးတောင်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၆၅)နှင့်(၅၅၁) တပ်ရင်းများသည် အကျအဆုံးများစွာဖြင့် စကခ(၁၅) တပ်မဌာနချုပ်သို့ တပ်နောက်ဆုတ်သွားခဲ့သည်။

လက်ရှိ AA ထိုးစစ်ဆင် တိုက်ခိုက်နေသော တပ်ရင်းများအထဲမှ  ဘူးသီးတောင်အခြေစိုက် စကခ(၁၅) ခမရ ၅၅၁၊  ၅၅၂၊ ၅၆၄၊ ၅၆၅တို့ကို ကျသွားပြီဖြစ်သည်။

နောက်ထပ် တပ်ရင်းများဖြစ်ကြသည့်  ခမရ  ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ တပ်ရင်းများအပါအဝင် ခြေလျင်တပ်ရင်း (ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ ကျန်ရှိနေသေးသော်လည်း စကခ(၁၅) ကျသွားပြီဖြစ်သဖြင့် များမကြာမီ အေအေက အပြီးသတ် ကျရောက်သွားနိုင်သည်ဟု စစ်ရေးလေ့လာသူများက ပြောဆိုသည်။

ဆက်စပ် သတင်းများ