အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရခိုင်အရေး အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ ပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 866

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၀/၂၀၂၄

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ပြင်းထန်လာနေမှုအပေါ် ကုလသမဂ္ဂက အလွန်အမင်း စိုးရိမ် ပူပန်မိကြောင်း UNOCH ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူမျိုးရေး တင်းမာမှုများ ၊ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းများမြင့်တက်လာခြင်း တို့ကြောင့် ဒေသခံ အရပ်သားများသည် ဆိုးရွားသော အကြမ်းဖက်မှုများကိုရင်ဆိုင်ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က မေလ၉ရက်က သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒေသခံအရပ်သားများသည် လူမျိုးရေးတင်းမာမှုများ ၊ အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ မြင့်တက်လာခြင်း၊ ဆိုးရွားသော အကြမ်းဖက်မှုများနှင့်  ရင်ဆိုင်ကြုံတွေ့နေရသည်ဟုဆိုသည်

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA)တို့ကြား တိုက်ပွဲများသည် ပိုမို ပြင်းထန်လာနေသည်။

ယခု ပဋိပက္ခအတွင်း အခြား လက်နက်ကိုင်အဖွဲ့များ ပါဝင်လာပြီး လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားလာမည်ကို ဒေသခံအရပ်သားများနှင့် ဒေသခံများကို အကူအညီပေးနေသူများ ကပါ စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေသည်ဟုဆိုသည်။

အာရက္ခတပ်တော်(AA)သည် ထိုးစစ်သည် ဘူးသီးတောင် မြို့လယ်ခေါင်သို့ နီးကပ်လာသည်နှင့် အမျှ တပ်မတော်၏ လေကြောင်း တိုက်ခိုက်မှုများလည်းပိုမို ပြင်းထန်လာနေကြောင်း၊ တိုက်ပွဲတွင်ပါ၀င်နေသူများအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကိုလေးစားလိုက်နာပြီးဒေသခံများကို အကူအညီ ပေးသူများ သို့မဟုတ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများမလုပ်ရန်ကိုလည်း သတိပေးထားသည်။

နိုင်ငံတစ်ဝှမ်း လုံခြုံရေးအခြေအနေ ဆိုးရွားနေချိန်တွင် ကုလသမဂ္ဂက မြန်မာနိုင်ငံတွင် အရပ်သားများကို အကာအကွယ်ပေးရန်၊ ရန်လိုမှုများ ရပ်တန့်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လက်ခံရရှိရေးတို့ကို ထပ်မံတောင်းဆိုခဲ့သည်။

သတင်းမှားများနှင့် အမုန်းစကားများကို ရပ်တန့်ရန်နှင့် လူမှုစည်းလုံးညီညွတ်မှုနှင့် လူ့အခွင့်အရေးကို လေးစားမှုမြှင့်တင်ရန် ပဋိပက္ခတွင် ပါဝင်သူအားလုံးကို ကျွန်ုပ်တို့ တိုက်တွန်းပါသည်ဟု ဖော်ပြပါရှိသည်။


ဆက်စပ် သတင်းများ