တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

နှစ်ပတ်အတွင်း ရခိုင်တွင် တိုက်ပွဲ(၁၇)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများအနက် အကြိမ်ရေအများဆုံးဟု BNI က ဖော်ပြ



မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် (၁၁) ခုတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအနက်  ရခိုင်၌အများဆုံးဖြစ်ကြောင်း  BNI - Myanmar Peace Monitor မှ မေလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

ဧပြီ ၂၄ ရက်မှ မေ  ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ရခိုင်တွင် (၁၇) ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီးကချင်တွင် (၁၅)ကြိမ် စစ်ကိုင်းတွင် (၁၂ )ကြိမ်၊ တနင်္သာရီတွင်(  )ကြိမ်၊ ပဲခူးတွင် ( )ကြိမ်၊ ချင်းတွင်()ကြိမ်နှင့် ကရင်တွင်(  )ကြိမ်၊ ရှမ်းတွင် ( )ကြိမ်၊ မွန်တွင်(  )ကြိမ်အပြင် ကရင်နီ ( )ကြိမ်၊မန္တလေးတိုင်းတွင်() ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။



 

ထို့အပြင် ရက္ခိုင့်တပ်တော် (ULA/AA) လှုပ်ရှားရာ ရခိုင်ဒေသသည် တိုက်ပွဲဖြစ်ပွားမှု (၁၄၉)ကြိမ်ဖြင့် စစ်ရေးပဋိပက္ခအပြင်းထန်ဆုံး ဒေသအဖြစ် ရပ်တည်နေကြောင်းလည်း  BNI-Myanmar Peace Monitor  ဧပြီ၃၀ရက်နေ့ထုတ်ပြန်သော မှတ်တမ်းများအရ သိရသည်။

 

ရခိုင်ပြည်နယ်တွင် လက်နက်ချအညံ့ခံသူစစ်ကောင်စီတပ်သား ၁၁၀၁ ဦးရှိကြောင်းလည်း ယင်းမှတ်တမ်းကဆိုသည်။

 

ဇန်နဝါရီ ၁၁ ရက်၊ ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း အမှတ် (၁၉)စစ်ဆင်ရေးဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ်ဇင်မျိုးဆွေသည် တိုက်ပွဲမှထွက်ပြေးစဉ် ULA/AA  ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

 

၁၀၂၇ စစ်ဆင်ရေး အား အဓိကပါဝင်လှုပ်ရှားနေကြသည့် ညီနောင်မဟာမိတ် ()ဖွဲ့သည် ရှမ်းမြောက်ဒေသနှင့် ရခိုင်ဒေသအတွင်းရှိ မြို့ပေါင်း (၂၈) မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်(ULA/AA) က (၁၁) မြို့၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က () မြို့ ကိုးကန့်တပ်ဖွဲ့ (MNTJP/MNDAA) က () မြို့အသီးသီး ထိန်းချုပ်သိမ်းပိုက်ထားကြသည် ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ဆက်စပ် သတင်းများ