တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

တပ်ဆုတ်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဂျိ‌တ္တောမှ ဒေသခံသားဖနှစ်ဦးကို ပစ်သတ်သည့် နောက်ဆက်တွဲသတင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇူလိုင် ၄ ရက်၊ ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောအမှတ် (၅) ရပ်ကွက်မှ သားဖနှစ်ဦးကို ယမန်နေ့ ညအချိန်က တပ်ဆုတ်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဒေသခံ လူကြီးတစ်ဦးက အတည်ပြုပြောဆိုသည်။

သတ်ဖြတ်ခံရသူ သားဖနှစ်ဦးမှာ  အရပ်ခေါ်အမည် ဦးငါးတောင်ငြိမ်းနှင့် သားဖြစ်သူ ကိုကုလားတို့ဖြစ်ကြသည်ဟု သိရှိရသည်။ 

ခလရ (၅၅) တပ်ရင်းမှ ထွက်ပြေးလာသည့် ‌စစ်ကောင်စီတပ်သားများက သပြုချိုင်ရေတပ်စခန်းသို့ ပို့ဆောင်‌ခိုင်းစဉ်တွင် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

" ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေက သူတို့ကို လှေမောင်းဖို့ခေါ်တယ်။ သူတို့က လှေမမောင်းတတ်ဘူးဆိုတော့ သူတို့ကို ပစ်သတ်လိုက်တယ်" ဟု ပြောသည်။

သေဆုံးသွားသည့် သားဖနှစ်ဦးအား ယနေ့ နံနက် ၉ နာရီကျော်အချိန်ခန့်က မြို့တွင် ကျန်ရစ်ခဲ့သူများ ဝိုင်းဝန်း သင်္ဂြိုလ်ခဲ့ကြသည်ဟု ဆိုသည်။

ယမ‌န်နေ့ ညနေက ခလရ (၅၅) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ ကျော်သည် ငပလီမြို့၊ ဂျိတ္တောကျေးရွာသို့ တပ်ဆုတ်လာခဲ့ပြီ သပြုချိုင်ရေတပ်စခန်းသို့  ဆုတ်ခွာမှုရှိနေသည်ဟု သိရသည်။

(ဓာတ်ပုံ- ယနေ့မြင်တွေ့ရသည့် ဂျိတ္တောလမ်ဆုံ)

ဆက်စပ် သတင်းများ