- Web Master
- ၀၂ အောက်တိုဘာ ၂၀၂၄
စစ်ကိုင်းတိုင်း ကလေးမြို့တွင် စက်တင်ဘာလ ၇ ရက် ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ ကလေး မြို့ပေါ်က ရပ်ကွက် ၆ ခုတို့တွင် ယနေ့မွန်းတည့်အချိန်အထိ ရေကြီးရေလျှံနေကြောင်း ဒေသခံများထံမှ တဆင့် သိရသည်။
လူနေရပ်ကွက်များထဲရှိ နေအိမ်များ၊ လမ်းမများ ရေနစ်မြုပ်နေပြီး ရေစီးလည်းသန်သည့်အတွက် လမ်း သွားလမ်းလာများ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောသည်။
‘’ညကမိုးများတယ်၊ မနေ့ကတည်းက မိုးကစရွာနေတာ၊၊ အခုလည်း မိုးကရွာနေတုန်း၊ ရေကလည်း ခုချိန် ထိ ပြန်မကျသေးဘူးရယ်။’’ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။
ယနေ့မနက်ပိုင်းက ချင်းတောင်ပေါ်မှ တောင်ကျချောင်းရေများသည် ကလေးမြို့ပေါ်သို့ လျှံတက်လာ ခြင်းဖြစ်ကာ လူနေအိမ်များ၊ လမ်းမများအထိ ရေနစ်မြှပ်ကုန်ခြင်း ဖြစ်ကြောင်း ပြောသည်။
ကလေးမြို့ဆေးရုံဖက်အခြမ်းသည် မြေနိမ့်ပိုင်းဖြစ်သည့်အတွက် ဆေးရုံဝန်ထမ်းများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသလို တာဟန်းစျေးထဲလည်း ရေတွေဝင်ကုန်သည့်အတွက် စျေးမဖွင့်နိုင်သေးကြောင်း သိရသည်။
လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဩဂုတ်လဆန်းပိုင်းလောက်ကလည်း ကလေးမြို့၌ တစ်မြို့လုံးနီးပါး ရေကြီးခဲ့ ကြောင်း သိရသည်။
Photo ; CJ