- Web Master
- ၂၀ ဖေဖော်ဝါရီ ၂၀၂၃
နိရဥ္စရာ၊ အောက်တိုဘာ ၈ /၂ဝ၂၂
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းရဲစခန်းတွင် ဘေးတွဲဆိုင်ကယ်နှင့် နှစ်ဘီးဆိုင်ကယ် စီးရေ ၅ဝ ခန့်ကို ရက်ပေါင်း ၂ဝ ကျော်ကြာဖမ်းဆီးထား၍ လုပ်ကိုင်စားသောက်စရာ အလုပ်မရှိသဖြင့် ဘေးတွဲဆိုင်ကိယ် ပိုင်ရှင်များအနေဖြင့် စားဝတ်နေရေးခက်ခဲနေကြသည်ဟု ကာယကံရှင်များက ပြောသည်။
ထိုဆိုင်ကယ်များကို လိုင်စင်မဲ့ဟုဆိုကာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့လမ်းဆုံအနီးရှိ ရေဖြူကန်တံတားအနီးတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဘေးတွဲဆိုင်ကယ်မောင်းသမားများက ပြောသည်။
“လိုင်စင်မဲ့ဆိုပြီးတော့ ဖမ်းဆီးသွားတာပါ။ ဒီနေ့ထိ ပြန်မပေးသေးဘူး။ ဒီဆိုင်ကယ်တွေနဲ့ လုပ်စားနေရတာဆိုတော့ အခု ကျနော်တို့မှာ စားဝတ်နေရေး တော်တော်ဒုက္ခရောက်နေပါတယ်”ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင် ဘေးတွဲဆိုင်ကယ်စီးရေ ၃ဝ ခန့်နှင့် နှစ်ဘီးဆိုင်ကယ်စီးရေ ၂ဝ ခန့်တို့ ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး ယမန်နေ့ အောက်တိုဘာလ ၇ ရက်အထိ ပြန်လွှတ်မပေးသေးဟုဆိုသည်။
ပုဏ္ဏားကျွန်းတွင် ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း
ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ်များကို လိုင်စင်မဲ့ဟုဆိုကာ
ဖမ်းဆီးမှုများရှိခဲ့ပြီး ဒဏ်ကြေးငွေသွားရောက်ဆောင်ပါက ချက်ချင်းပြန်လွှတ်ပေးခဲ့မှုမျာ
ဘေးတွဲမောင်းသမားတစ်ဦးက “အရင်ကဆိုရင် တစ်စီးကို ကျပ် ၂ သောင်းပေးရင် ချက်ချင်း ပြန်လွှတ်ပေးတယ်။ အခု ၂ သောင်းအထက်ပေးလည်း ပြန်မပေးဘူး”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။
လက်ရှိတွင်
ရခိုင်တစ်ပြည်လုံးရှိ ကား/ဆိုင်ကယ်များ၏လိုင်စင်များ
ရခိုင်ပြည်တွင်းရှိ
လိုင်စင်မဲ့ဆိုင်ကယ်များကိုလည်း စစ်တွေရှိ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှ