- Web Master
- ၀၁ ဧပြီ ၂၀၂၄
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့ အကျဉ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း သတင်းရရှိသည်။
၎င်းသူများသည် ပြည်မဖက်တွင် လဝကအမှုဖြင့်ထောင်ချခံခဲ့ရပြီးနောက် ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းရန် ဘူးသီးတောင်ထောင်သို့ ပို့ဆောင်ထားစဉ် ယမန်နေ့ နိုဝင်ဘာ၁ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားသည်ဟု အကျဥ်းထောင်နှင့်နီးစပ်သူ ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။
” မနေ့ကညနေကထွက်ပြေးသွားတာမှန်တယ်
ထွက်ပြေးသွားသည့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ
အဆိုပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးမှာ မလေးရှားနိုင်ငံသို့ မြန်မာပြည်ကို
ဖြတ်ပြီး တရားမဝင်
သွားရာတွင် ပြည်မဖက်တွင် ဖမ်းဆီးခံခဲ့ရသူများဖြစ်ကြပြီး
လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ လ၀ကအက်ဥပဒေ ၁၃(၁)
အမှုဖြင့် တရားစွဲဆိုခံရပြီး ထော
ယင်းသို့ထောင်ကျခဲ့ပြီးနောက် စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်လာသူများ ဖြစ်ကြသည်။
အဆိုပါ ထွက်ပြေးသွားသည့် အမျိုးသား ၈ဦးကို စစ်ကောင်စီ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံ ရှာဖွေနေကြောင်းသိရသည်။
ပြီးခဲ့အောက်တိုဘာ
၃ ရက် နေ့ကမြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီးကနေ ပြန်လည် လွတ်မြောက်လာသည့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို မောင်တောမြို့ POE ဝင်/ထွက် ဆိပ်ကမ်းမှ ဘင်္ဂလားအစိုးရထံ
လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။
၎င်းသူ ၂၉ ဦးမှာ မြန်မာနိုင်ငံ
အကျဥ်းထောင်အသီးသီးမှ လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉၈ ဦး အထဲမှဖြစ်ပြီး
ဘင်္ဂလားဒေ့ရှ် အစိုးရက စိစစ်လက်ခံခဲ့ပြီးနောက်
ပြန်လည် ပို့ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။