- Web Master
- ၂၂ ဇူလိုင် ၂၀၂၄
လူထက်နိုင်(ဒွာရာမြီ)/နိရဥ္စရာ ၊ မတ် ၂၅ / ၂၀၂၄
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄လမ်း၊ ၃၁ နှင့် ၃၂လမ်းကြားရှိ KBZ ဘဏ် မတ် ၂၅ ရက် နံနက်ပိုင်းတွင် ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း နှစ်ထောင်နီးပါးကို ဓားပြတိုက် သူများမှ ယူဆောင်သွားကြောင်း သတင်းရရှိသည်။
နံနက် ၁၁ နာရီ ကျော်အချိန်ခန့်တွင် ဓားပြတိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ခြင်းမရှိကြောင်းနှင့် စစ်ကောင်စီမှ လမ်းနဘေးရှိ CCTV များအားစစ်ဆေးနေကြောင်းဒေသခံမျာ
“ဟုတ်တယ်၊ကြားတယ်။ငွေဘယ်လောက်ပါ
ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ (၄၆)အတွင်းသို့ အမည်မသိအမျိုးသား သုံးဦးမှ သေနတ်နှင့် ရဲဒင်းများ ကိုင်ဆောင်၍ ဝင်ရောက်လာပြီး ဘဏ်အတွင်းရှိ လူများအား ထောင့်တစ်ခုတွင် စုထိုင်ခိုင်းကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း
အမည်မသိ အမျိုးသား(၃)ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် ရောက်လာရှိလာပြီး ဘဏ်အတွင်းရှိ ဝန်ထမ်းများနှင့် ဘဏ်လုပ်ငန်း လာရောက်ဆောင်ရွက်သူများကို သေနတ်ပြခြိမ်းခြောက်နေသည့် ဗွီဒီယိုဖိုင်သည်လည်း
လူမှုကွန်ရက်တွင်ပျံ့နှံ့လျက်ရှိ
ဓားပြတိုက်သူများသည် ဘဏ်တွင် ငွေထုတ်ပေးရန်ဆောင်ရွက်နေသည့် ငွေထည့်ထားသည့် ပီနံအိတ်များကို ယူဆောင်သွားခဲ့ကြောင်းသိရသည်။
မန္တလေး အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ဘဏ် ဓားပြတိုက်မှုများ၊ ရွှေဆိုင်များကို လုယက်မှုများ အပါအဝင် အကြမ်းဖက် လုယက် အနုကြမ်းစီးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ကုန်ခဲ့သည့် ၂၀၂၃၊ နိုဝင်ဘာ ၁၇ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နှင့်၇၃လမ်းကြားရှိ "အောင်"ရွှေဆိုင် တွင် ရွှေထည်ပစ္စည်း သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ဓားပြတိုက်ခံလိုက်ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
မတ်လ ၁၃ ရက်နေ့ကလည်း မုံရွာ အင်းဝဘဏ် ဓားပြတိုက်ခံရပြီး မန်နေဂျာအမျိုးသမီးကို ဓားစာခံ ဖမ်းသွားကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
ဘဏ်လုယက်မှု ဖြစ်စဉ်များသည် ၂၀၂၁ မှ ၂၀၂၂ အတွင်း အများဆုံး ဖြစ်ပွားခဲ့ပြီး ယင်းနောက်ပိုင်းတွင် တဖြေးဖြေး လျော့နည်းလာကြောင်း၊ ရွှေဆိုင်လုယက်မှုဖြစ်စဉ်များ ပိုမိုများလာခဲ့ပြီး ၂၀၂၂ မေလမှ ၂၀၂၄ ဖေဖော်ဝါရီလထိ လတိုင်း အနည်းဆုံး တစ်ကြိမ်ဖြစ်နေ ကြောင်း Data for Myanmar မှထုတ်ပြန်ထားသည်။