တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

မန္တလေး သပိတ်ကျင်းမြို့နယ်က စစ်စခန်း မန္တလေး PDF သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 574

(လက်နက်ငယ် (၂၃) လက်နှင့် အလောင်း (၈) လောင်း၊ စစ်သုံ့ပန်း (၈) ယောက် ရရှိ)

နိရဉ္စရာ၊ ဇူလိုင် ၂၂/၂၀၂၃

မန္တလေးတိုင်း၊ သပိတ်ကျင်း မြို့နယ်၊ အင်းနက်ရွာ တာဝါတိုင်ကုန်း စစ်စခန်း နှင့် စစ်ဆေးရေးဂိတ်ကို မန္တလေး PDF သိမ်းပိုက်ရရှိခဲ့သည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရန်သူ့ဘက်မှ လေကြောင်း တိုက်ခိုက်မှု (၂)ကြိမ် ပစ်ကူပေးခဲ့သော်လည်း တာဝါတိုင်ကုန်း စစ်စခန်း နှင့် စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

၎င်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း (၈) လောင်းနှင့် စစ်သုံ့ပန်း (၈) ဦး ရရှိခဲ့သည်။

၎င်းပြင် လက်နက်ငယ် (၂၃) လက်၊ ကျည်မျိုးစုံ (၃၃၇၉) တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ရှေ့ထွက်မိုင်း (၁) လုံး၊ ကျည်ဘောက် (၉၉) ဘောက် သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းစခန်းသိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ အမှတ် (၃) အထူးလှုပ်ရှားတပ်ရင်း၊ တိုင်းဒရုန်းအဖွဲ့ နှင့် သပိတ်ကျင်းမြို့နယ် (ပကဖ) တို့ က တိုက်ပွဲဝင် ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။


ဆက်စပ် သတင်းများ