အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်တွေမြို့ပေါ် ညအချိန်သေနတ်ပစ်ခတ်သံများထွက်ပေါ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ လမ်းမများပေါ် နေရာ ၃ လေးခုလောက်က ညအချိန် သေနတ်ပစ်ခတ်သံများကို ကြားခဲ့ရကြောင်း မြို့ပေါ်နေသူများက ပြောသည်။

စစ်တွေမြို့ပေါ်ကမိဇံရပ်ကွက်နားတွင်ယနေ့  ဒီဇင်ဘာ ၇ရက် ည ၉ နာရီ၊ ၁၀နာရီခန့်က သေနတ် ပစ်ခတ်သံများ ထွက်ပေါ်လာ‌ပြီး လမ်းတွင်သွားနေသည့် ကားတစ်စီးကို ဆိုင်ကယ်နှစ်စီးပေါ်မှ သေနတ်ဖြင့် လှမ်းပစ်သွားသည်ဟု စစ်တွေမြို့ခံတစ်ဦးကနိရဉ္စရာကိုပြောသည်။

" လမ်းမှာသွားနေတဲ့ အိမ်စီးကားတစ်စီးကို ဆိုင်ကယ်နှစ်စီး‌ထက်က လူတွေကပစ်တယ်လို့သိရတယ်။ သေနတ်သံတွေလည်းကြားရတယ်။လူထိမထိမသိရသေးဘူး။ ဘယ်သူမှ အပြင်ထွက်မကြည့်ရဲဘူး" ဟုပြောသည်။

ယင်းအပြင် စစ်တွေမြို့ မောလိပ် ရပ်ကွက်ပန်းခြံလမ်းဘက်က  ၉နာရီ၅၀ မိနစ်လောက်က သေနတ်လေးငါးချက်ခန့် ပစ်ခတ်သံ ထွက်ပေါ်ခဲ့သည်ဟု စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးကနိရဉ္စရာကိုပြောသည်။

"  ကိုယ့်အိမ်နားကပစ်သလိုကြားရတယ်။ ထိန့်သွားတာပဲ။ မိုးချုပ်ပြီဆိုတော့ဘယ်သူမှ အပြင်မထွက်ရဲကြပါဘူး" ပြောသည်။

လက်ရှိတွင် သေနတ်ပစ်ခတ်မှုကြောင့် လူအထိခိုက်ရှိ/မရှိ မသိရသေးဟု ဆိုသည်။

မိဇံရပ်ကွက်မှ ဒေသခံတစ်ဦးကလည်း ညအချိန် ၉ နာရီခွဲကျော်ကျော်လောက်က သေနတ်ပစ်ခတ်သံ ၁၀ ချက်လောက်ကို အနီးကပ် ကြားခဲ့ရ၍ စိုးရိမ်ထိတ်လန့်ခဲ့ရသည်ဟု ပြောဆိုသည်။

လက်ရှိတွင် မြို့တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်ဟု ဆိုသည်။  (NN-11)

ဓာတ်ပုံ- ယခင်ပုံဟောင်း

ဆက်စပ် သတင်းများ