- Web Master
- ၂၇ မတ် ၂၀၂၄
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၆/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ မြန်မာ့တပ်မတော် စစ်တပ်တပ်ရင်း သုံးခုကို ရက္ခိုင့်တပ်တော် (AA) က ညဉ့် ၁၁ နာရီကျော်က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ ဖြစ်တာက ညဉ့် ၁၁ နာရီကျော်က စဖြစ်တယ်။ တစ်မြို့လုံး ဆူညံသွားပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ကြတာ ဗြောင်ဆန်ဆူညံသွားတာပါဘဲ။ ဘယ်ကနေ ဘယ်ကပစ်တယ်လို့ မသိရတော့ပါဘူး။ ညဉ့် ၂ နာရီကျော်လောက်မှ ရပ်သွားပါတယ်” ဟု ရသေ့တောင် ဒေသခံ တစ်ဦးက ပြောသည်။
ဒေသခံများအပြောအရ ရသေ့တောင်မြို့ပေါ်ရှိ အမှတ် ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်းများကို နိုဝင်ဘာ ၁၅ ရက် ညဉ့် ၁၁ နာရီကျော်မှ တစ်ပြိုင်တည်း ဝင်တိုက်ခိုက်ခဲ့ပြီး ညဉ့် ၂ နာရီကျော် နောက်ပိုင်းတွင် AA က ဆုတ်သွားသည်ဟု ပြောဆိုသည်။
“ ဘယ်သူမှာ အနားကပ် သွားမကြည့်ရဲတော့ ဘယ်လို ဖြစ်နေတယ်ဆိုတာ မသိဘူး။ တပ်ရင်း သုံးရင်းကို ဝင်တိုက်တယ် အဲသလောက်ဘဲ သိရပါတယ်”ဟု ၎င်းက ပြောကြားသည်။
၎င်းတိုက်ပွဲမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်များမှာ အနီးအနားရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ပြီး ငတောက်တူချေ ကျေးရွာမှ အမျိုးသမီး တစ်ဦး လက်မောင်းအထက် ညှပ်ရိုးတွင် ကျည်ထိမှန်ခဲ့သည်ဟု သတင်းရရှိသည်။
တိုက်ပွဲကြောင့် ငတောက်တူချေ၊ ငတောက်တူကြီး၊ ဘက္ကာရွာ၊ တောင်လှမော်၊ ဆည်ကန် စသည့် ကျေးရွာများမှ ရွာသားများ နီးစပ်ရာသို့ ထွက်ပြေးနေကြနေကြရသည်ဟု သတင်းရရှိသည်။
-----------------------------------
Unicode:
နိရဉ်စရာ၊ နိုဝငျဘာ ၁၆/ ၂ဝ၁၉