သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်တွင် မိုးကြီးပြီး မြစ်ရေတိုက်စားရာမှ ကမ်းပါပြိုကျ၍ လူနေအိမ် ၃၀ ကျော်ပျက်စီး


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 740

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာတွင် ကုလားရောင်မြစ်ရေမြင့်တက်လာပြီး လှိုင်းပုတ်ခတ်သဖြင့် ကမ်းပါးများပြိုကျကာ လူနေအိမ် ၃၀ ကျော်ခန့်မှာ ပျက်စီးဆုံးရှုံးသွားသည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ ရက်၊ နံနက် နာရီကျော်ခန့်က ကုလားရောင်ကျေးရွာအနောက်ဘက်ရှိ ကုလားရောင်မြစ်ရေမှာ ဒီရေမြင့်တက်လာပြီး လှိုင်းပုတ်ခတ်သဖြင့် ကမ်းပါးများပြိုကျကာ လူနေအိမ်များပျက်စီးသွားခြင်းဖြစ်သည်။

ကုလားရောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က "လူနေအိမ် ၃၀ ကျော်က ကမ်းပါးပြိုကျတဲ့ အထဲမှာ ပါသွားပြီ။ မြစ်ထဲပါသွားတာ။ အခုလည်း ဒီရေမြင့်တက်ပြီး လှိုင်းပုတ်လို့ ကမ်းပါးတွေ ပြိုကျနေတယ်။ မြစ်နားမှာရှိတဲ့ တခြားအိမ်တွေလည်း စိုးရိမ်စရာရှိနေပါတယ်" ဟု ပြောသည်။

ကုလားရောင်မြစ်အနီးတွင်ရှိသော ကျန်လူနေအိမ် ၄၀ ကျော်ခန့်မှာလည်း ကမ်းပါးပြိုကျသည်တွင် ပါသွားမည်စိုးကာ ယမန်နေ့ သြဂုတ်လ ရက်မှ ယနေ့သြဂုတ်လ ရက်အထိ လူနေအိမ်များကို ဖြိုချပြီး ဘေးလွတ်ရာသို့ပြောင်းရွေ့နေကြရသည်ဟုလည်း ဒေသခံများက ပြောသည်။

ကုလားရောင်ကျေးရွားသားတစ်ဦးက "တစ်ခြားအိမ်တွေကလည်း မြစ်နဲ့နီးတော့ အိမ်တွေကိုဖြိုချပြီး ဘေးလွတ်ရာကိုရွေ့ပြောင်းနေကြတယ် မြစ်ရေက မလျော့ဘူး။ လှိုင်းပုတ်ပြီး ကမ်းပါးတွေကို တိုက်စားတော့  အနီးအနားကအိမ်တွေလည်း ပါသွားနိုင်တယ်။ အခုတောင် ရေက အိမ်ထဲဝင်နေပြီ။ အဲ့ဒါကို ကမ်းပါပြိုကျတဲ့အထဲမပါသွားဖို့ လူအင်အားနဲ့အိမ်တွေကိုဖြိုနေရတယ်" ဟု ပြောသည်။



ကမ်းပါးပြိုကျသည့်အထဲပါသွားသည့် လူနေအိမ်ပိုင်ရှင်များမှာ လက်ရှိတွင် ဘေးလွတ်ရာ ဘုန်းကြီးများနှင့် ဆွေမျိုးအိမ်များတွင် ယာယီခိုလှုံနေရသည်ဟု သိရသည်။

ကုလားရောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က "ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဒီနေ့လာကြမယ်ပြောတယ်။ ကူညီကယ်ဆယ်ရေးတွေပေးမယ်လို့ သိရတယ်။ ပျက်စီးသွားတဲ့ အိမ်ခြေစာရင်းတွေကို ဌာနဆိုင်ရာတွေကိုတင်ပြထားတာရှိပါတယ်" ဟု  ပြောသည်။

တောင်ကုတ်မြို့နယ် ကုလားရောင်ရွာတွင် အိမ်ခြေစုစုပေါင်း ၂၉၂ ဆောင်ရှိသည်ဟု သိရသည်။

 ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ရက်၊ ညကလည်း တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကမ်းပါးပြိုကျသွားခဲ့ကာ လူနေအိမ် လုံးနှင့် ကားဝပ်ရှော့တစ်ခု ပြိုကျပျက်စီးဆုံးရှုံးသွားသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ရက်၊ ညကလည်း တောင်ကုတ်မြို့တွင် ကမ်းပါးပြိုကျခဲ့မှုကြောင့် နေအိမ် လုံးပြိုကျသွားခဲ့သည်။


ဓာတ်ပုံ - ဦးမြင့်လွင်

ဆက်စပ် သတင်းများ