သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့် ၁ နှစ်ကျော်ကြာပိတ်ခဲ့ရသည့် ဘူးသီးတောင် စေတီတောင်တိုက်နယ်ဆေးရုံကို ပြန်လည်ဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 10.2k

ရဲသွေးနီနီ (စည်တောင်)
နိရဥ္ဇရာ၊ ဇွန် ၁၉/ ၂၀၂၁
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတီတောင်တိုက်နယ်ဆေးရုံကို ၁ နှစ်ကျော်ကြာ ယာယီပိတ်ထားခဲ့ရာမှ ယနေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် အဆိုပါဆေးရုံကို ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လအတွင်း ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်။
၁ နှစ်ကျော်အကြာပိတ်ထားခဲ့ရာမှ ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီတွင် ပြန်လည်ဖွင့်လှစ်ပြီသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက နိရဥ္စရာသတင်းဌာနကို ပြောသည်။
“အရင် ၂၀၂၀ မတ်လကနေ နိုင်ငံရေးမတည်ငြိမ်လို့ ယာယီပိတ်ထားတာ အခုက နယ် မြေအေးချမ်းနေလို့ မြို့နယ်ကခွင့်ပြုချက်နဲ့ပြန်လည်ဖွင့်လှစ်တာပါ။ အခုဆိုရင် ပြည်နယ်ကချပေးလိုက်တဲ့ ဆရာဝန်တောင် ရောက်နေပြီ”ဟု ပြောသည်။
အဆိုပါဆေးရုံတွင် တိုက်နယ်ဆရာဝန်သစ်အပါအဝင် သူနာပြု ၄ ဦး၊ ဆေးအကူစာရေး ၁ ဦး၊ သန့်ရှင်းရေး ၁ ဦးနှင့် ညစောင့် ၁ ဦး၊ စုစုပေါင်း ဆေးရုံဝန်ထမ်း ၈ ဦးတို့ဖြင့်ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ