သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် ဝဲကြီးကျေးရွာမှ အရိုးကင်ဆာဖြစ်နေသည့် ၈ နှစ်အရွယ် ကလေးငယ် ဆေးကုသမှုခံယူနေစဉ် သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7k

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၂ဝ /၂၀၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ဝဲကြီးကျေးရွာမှ အရိုးကင်ဆာဖြစ်နေသည့် ၈ နှစ်အရွယ် ကလေးငယ်သည် ယမန်နေ့က သေဆုံးသွားပြီဟု သတင်းရရှိသည်။
သေဆုံးသွားသည့် ကလေးငယ်သည် ဦးသန်းဝင်းနှင့်ဒေါ်ခင်မာရီတို့၏သားထွေး မောင်မြင့်မြတ်ကျော်ဖြစ်ပြီး စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင်သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
“ရန်ကုန်မှာသွားကုဖို့က ဆွေမျိုးမိတ်ဆွေ၊ တည်းစရာနေရာမရှိတဲ့အတွက် စစ်တွေမှာပဲ ကုသမှုခံယူခဲ့ရတာပါ။ စစ်တွေဆေးရုံမှာ ဆေးသွင်းတာ ထူးခြားမှုမရှိခဲ့ဘူး။ ထမင်းလည်း မစားဘူး။ တစ်ခုမှမစားဘူး။ အခြေအနေဆိုးလာတော့ မနေ့ကညနေမှာ ဆုံးသွားတာပါ။”ဟု ကလေး၏ဖခင် ဦးသန်းဝင်းက နိရဥ္စရာကိုပြောသည်။
အဆိုပါကလေးငယ်သည် သြဂုတ်လ ၁၁ ရက်တွင် စစ်တွေဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေခဲ့ခြင်းဖြစ်သည်။
ရောဂါပြင်းထန်လာခဲ့သည့်အတွက် စက်တင်ဘာလ ၆ ရက်က စစ်တွေဆေးရုံကြီးတွင် ဒုတိယအကြိမ်ဆေးကုသမှုခံယူ ဆက်လက်ခံယူစဉ် ယခုကဲ့သို့သေဆုံးသွားခြင်းဖြစ်သည်။
သေဆုံးသွားသည့်ကလေးငယ်သည် အရိုးကင်ဆာဝေဒနာကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှစတင်ကာ ခံစားနေခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
Photo - Maung Zaw Khine

ဆက်စပ် သတင်းများ