- Web Master
- ၁၆ ဇူလိုင် ၂၀၂၄
လူထက်နိုင်( ဒွါယာမြီ)နိရဉ္စရာ၊ ဇူလိုင် ၄ /၂၀၂၄
ရခိုင်ပြည်၊ သံတွဲမြို့၊အကျဉ်းထောင်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီဗျူဟာမှူးက အာရက္ခတပ်တော်ကို (AA) ကို ကြောက်လန့်၍ အုန်းပွဲ ငှက်ပျောပွဲများဖြင့် ယတြာများပြုလုပ်ပြီး အသက် အန္တရယ်ကင်းအောင် ပူဇော်ပသနေကြောင်း သံတွဲအကျဉ်းဦးစီးနှင့် နီးစပ်သူတစ်ဦးမှ နိရဉ္စရာ သို့ အတည်ပြုပြောကြားသည်။
“ စကားပြောစက်နဲ့ ဗျူဟာမှူးက သံတွဲထောင်ကနေ ညွန်ကြားနေတယ်။ သူဆက်သွယ်ပြီး ခဏနေရင် လေယာဉ်တွေ လာပြီ။ ပြည်သူတွေနေတဲ့ နေရာတွေကို ဗုံးကြဲဖို့ သူက အဲ့ဒီက မြေပုံကြည့်ပြီး ညွှန်ကြားနေတာပါ။ သူကျတော့ သေမှာကြောက်လို့ အုန်းပွဲ ငှက်ပျောပွဲတွေနဲ့ ယတြာတွေ ပြုလုပ်နေတယ်။ သူတို့တပ်ထဲမှာ သုံးတဲ့ ဗေဒင်ဆရာတစ်ယောက်ကို ခေါ်ထားတယ်။ အေအေကို ကြောက်လို့ ခုလို လုပ်နေတာ ”ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူတစ်ဦးမှပြောသည်။
၎င်းဗျူဟာမှူးအား အေအေက လက်နက်ချရန်
သတိပေးထားသည်မှာ
ကြာနေပြီဖြစ်ကြောင်း၊
အုန်းပွဲ ငှက်ပျောပွဲများဖြင့် ယတြာများပြုလုပ်နေသော်လည်း
ပြေးပေါက်လဲ
သံတွဲ အကျဉ်းထောင်ရှေ့လမ်းတွင် စာတိုက်ကြီးရှေ့မှ ဝေဋုဝန်ကျောင်းရှေ့အထိ စစ်ကောင်စီမှာ
နေရာယူထားကာ ထောင်ပတ်လည်ရှိ ရပ်ကွက်တချို့တွင်လည်း ကင်းပုန်းများရှိနေကြောင်းနှင့် ထောင်ဝင်စာတွေ့ခွင့်ပိတ်ထားသည်
ထိုအပြင်သံတွဲမြို့ရှိ မြို့မရဲစခန်း၊
ထွေအုပ်ရုံး၊
လဝကရုံးများတွင် စစ်ကောင်စီမှလုံခြုံရေးမရှိတော့သလို
စစ်ကောင်စီတပ်သားများသည် မြို့အတွင်းတချို့နေရာများအား
“ အခုသံတွဲမြို့မှာစစ်ကောင်စီရှိ
ရခိုင်ပြည် သံတွဲမြို့တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲခြင်း၊လက်နက်ကြီ
စစ်ကောင်စီ လေယာဥ်ဗုံးကြဲမှုကြောင့် ငပလီမြို့ ဇီးဖြူကုန်းရွာတွင် ဇူလိုင် ၂၈ရက်က ဒေသခံ ၃ဦး ၊ ဇူလိုင် ၂၄ရက်က ဒေသခံ ၃ဦး သေဆုံးခဲ့ပြီး ဇွန်လ ၂၂ရက်ကလည်း သံတွဲမြို့ ရွှေကျောင်းပြင်ရွာ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့သည်။
သံတွဲမြို့က လင်းသီ ၊ ရွှေလှေ ၊ ပြင်ယောင်း ၊ကျောင်းကုန်း ၊ ဂေါ့ ၊ စပါးကြီး၊ မှိုဟင်းပြင် စသည့် ကျေးရွာ အများအပြားကို တစ်လ အတွင်း လေကြောင်း ဗုံးကြဲ ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့်လူ ၆၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ကြောင်းသိရသည်