အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မလေးရှားတွင် သွားရောက်အလုပ် လုပ်ကိုင်နေသည့် ရခိုင်လူငယ်တစ်ဦး ကွမ်းစားစဉ် လေပြွန်ပိတ်သေဆုံး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်လူငယ်တစ်ဦးသည် ကွမ်းစားရင်း စကားပြောနေစဉ် လေပြွန်ပိတ်ကာ သေဆုံးသွားကြောင်း သိရသည်။

‌သေဆုံးသူမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ကိုမိုးဒီ(ခေါ်) ကိုမောင်မောင်ထွန်းဖြစ်သည်ဟု မြန်မာလူမှုကူညီရေး(မလေးရှား)အသင်းက ထုတ်ပြန်ဖော်ပြထားသည်။

သူသည် မလေးရှားနိုင်ငံ၊ ကလန်းမြို့တွင် နေထိုင်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်က အလုပ်မှအပြန် ကွမ်းယာစားပြီး သူငယ်ချင်းများနှင့် စကားပြောနေစဉ် လေပြွန်ပိတ်မှု ဖြစ်ပွားခဲ့သည့်အတွက် ကလန်းမြို့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို မသေသင့်ဘဲသေသွားရသည့်အတွက် စိတ်မကောင်းဖြစ်မိပြီး ကွမ်းစားသူများလည်း သတိထားရန်လိုအပ်သည်ဟု မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ ဗန်တုန်းမြို့နယ်တွင်အလုပ်လုပ်ကိုင်‌နေသူ ရခိုင်အမျိုးသား ကိုဇော်ဇော်ထွန်းက နိရဥ္စရာကို ပြောသည်။

"ခုလိုပြည်တွင်းမှာဝမ်းရေးခက်ခဲလို့ ပြည်ပကို လာရောက်လုပ်ကိုင်စားသောက်နေရတဲ့အချိန်မှာ ခုလိုသေသွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ကွမ်းစားတတ်တဲ့သူတွေလည်း သတိထားသင့်ပါတယ်"ဟု ပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းကို အောက်တိုဘာ (၁၄)ရက်၊ နေ့လယ် (၂)နာရီတွင် မလေးရှားနိုင်ငံ၊ ရှားလမ်းမြို့ရှိ Bliss Garden ချဲရပ်သုသာန်၌ မီးသင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ (NN-11)

ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း မလေးရှား

ဆက်စပ် သတင်းများ