ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

မြန်မာနယ်ခြားစောင့် ၁၇၇ ဦးကို ဧပြီပထမပတ်တွင် ဘင်္ဂလာက မြန်မာသို့ ပြန်ပို့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

နိရဉ္စရာ၊ မတ် ၃၀/၂၀၂၄

ရက္ခိုင့်တပ်တော်နှင့် ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ် မြောက်ပိုင်း တိုက်ပွဲများအတွင်းမှ ထွက်ပြေး သွားကြသည့် စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၇ ဦးအား ဧပြီ ၁ ရက်မှ ၅ ရက်အတွင်း ဘင်္ဂလာက မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဟု သိရသည်။ 

ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီမြို့နယ် အမှုဆောင်အရာရှိ Mohsmad Zakaria က အဆိုပါ ပြန်ပို့မည့်ကိစ္စကို အဓိကအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

“ နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာခင် ပြန်ပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ မြန်မာနိုင်ငံသား ၁၇၇ ဦး ပြန်ပို့မယ့် ကိစ္စကို လျှို့ဝှက်ထားပါတယ်။ ၎င်းတို့ကို ယခင်စည်းမျဉ်း ဥပဒေအတိုင်း  အချိန်တိုအတွင်း ပြန်လည်ပေးပို့မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံသို့ ပြန်ပို့နိုင်သည်ဟု ယုံကြည်ရသော သတင်းရင်းမြစ်အများအပြားက ပြောသည်။

၎င်းတို့သည် မတ်လ  ၁၁ ရက်နေ့က ရက္ခိုင့်တပ်တော်( AA)နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကြားကနေ ကြောက်လန့် ထွက်ပြေးလာကြသူများဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်( ရွာတော်ခရိုင်)၊ နတ်ကျောက်ဆရီ မြို့နယ်အတွင်း ခိုလှုံလာကြသူများဖြစ်ကြသည်။ Ref: Ukhiya News

ဆက်စပ် သတင်းများ