- Web Master
- ၂၉ ဇန်နဝါရီ ၂၀၂၂
နိရဥ္စရာ၊ အောက်တိုဘာ၁၂/၂ဝ၂ဝ
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ယာဘားစိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂ဝဝဝ ကျော်ဖိုး ဖမ်းမိကြောင်း သတင်းရရှိသည်။
ဖမ်းဆီးရမိသော ယာဘားဆေးပြားများမှာ WY စာတန်းပါ ပန်းရောင် အမျိုးအစားဖြစ်ပြီး ဆေးပြား အရေအတွက်မှာ ၁ဝ၅ဝ၅ဝ ရှိပြီး ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၁ဝဝ ကျော် ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာ ၁၁ ရက် နံနက် ၁ နာရီ ၂ဝ မိနစ်ခန့်တွင် လိပ်ရတောင်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ နယ်စပ်ခြံစည်းရိုးအနီး ကျောက်ချောင်းကျေးရွာဘက်မှ အထုပ် ၂ ထုပ်ထမ်းလာသော မသင်္ကာဖွယ် လူတစ်ဦးအားတွေ့ရှိသဖြင့် လုံခြုံရေး တပ်အဖွဲ့ဝင်များက စစ်ဆေးရန်ခေါ်ယူခဲ့ရာ ရပ်တန့် ခြင်းမရှိဘဲ အိတ်များပစ်ချထွက်ပြေးသွားခဲ့ရာ ၎င်းအိတ်မျာ အတွင်းမှ WY/R ယာဘားဆေးပြားများကို သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။
မောင်တောဒေသကို ကြားခံနယ်မြေအဖြစ် အသုံးပြုပြီး တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ စိတ်ကြွဆေးပြားများကို တင်ပို့နေကြသဖြင့် မကြာခဏ ဖမ်းဆီးမိကြောင်း ဒေသခံများက ပြောဆိုသည်။