တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ထိုင်း -မြန်မာနယ်စပ်တွင် ဖမ်းဆီးမိခဲ့သည့် လူသုံးဦး၊ လက်နက် ၁၂လက်နှင့်ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက သတင်းစာရှင်းလင်းပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 511

နိရဉ္စရာ၊ ဧပြီ ၆ / ၂၀၂၂
ထိုင်း -မြန်မာနယ်စပ်တွင် ဖမ်းဆီးမိခဲ့သည့် လူသုံးဦး၊ လက်နက် ၁၂ လက်နှင့်ပတ်သက်ပြီး ထိုင်း အာဏာပိုင်များက သတင်းစာရှင်းလင်းပွဲကို ယနေ့ မတ် ၆ ရက်နေ့တွင် တာ့ခ်ခရိုင်ဝန်ရုံးတွင် ပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် ပြီးခဲ့သည့် တနင်္လာနေ့က ထိုင်း - မြန်မာ နယ်စပ် မျဉ်းအနီးက မဲ့လမတ်နှင့် ထာ့ဆောင်ရမ်းမြို့နယ် အတွင်းမှာ ဖမ်းဆီးရမိခဲ့သည့် လက်နက် ၁၂ လက်? မြန်မာနိုင်ငံသား သုံးဦးနှင့် ပတ်သက်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ကရင်အမျိုးသားမီဒီယာက ဖော်ပြသည်။.
ဖမ်းဆီးရမိခဲ့သည့် လက်နက်များအထဲတွင် စစ်သုံးမောင်းပြန်ရိုင်ဖယ် (၈) လက်၊ လက်နက်ငယ် (၄) လက်အပြင် ဆက်စပ်ခဲယမ်းအချို့ ပါဝင်သည်ဟု ဆိုသည်။
လက်နက်ကုန်ကူးမှုနဲ့ပတ်သက်ပြီး ထိုင်းရဲက မြန်မာနိုင်ငံသားတဦးဖြစ်သည့် အောင်စန်းထွေး အပါအဝင် လူ (၃) ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။
၎င်းလက်နက်များမှာ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည့် လက်နက်များ ဖြစ်နိုင်ကြောင်း ထိုင်းသတင်း အချို့ ရေးသားထားသည်ဟု ဆိုသည်။
ဓာတ်ပုံ - AEC/ ကရင်အမျိုးသားမီဒီယာ

ဆက်စပ် သတင်းများ