တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရှမ်းပြည်တောင်ပိုင်း ဗထူးမြို့ စစ်ဆေးရေးဂိတ်၌ လူငယ်နှစ်ဦးသေနတ်အလက် ၅၀၊ကျည်အများအပြားနှင့်အတူအဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.1k

နိရဉ္စရာ၊ မေ ၁၅/၂၀၂၂ (မြန်မာရေးရာ)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးတပ်မြို့တွင် မေလ ၁၃ရက်၊ ညနေပိုင်းအချိန်က လူငယ် ၂ဦးသည် သေနတ်အလက် ၅၀အပါအဝင် လက်နက်ခဲယမ်း အများအပြားဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကားပြီး မဲခေါင်သတင်းတွင် ဖော်ပြသည်။
၎င်းတို့ နှစ်ဦးကို ဗထူးတပ်မြို့၊ မင်းကြီးသုံးပါးစစ်ဆေးရေးဂိတ်၌ MDY/7M-8624၊ CANTER အမျိုးအစား(ဖြူရောင်)၊ (၆)ဘီးယာဉ်ပေါ်၌ တင်ဆောင်လာသည့် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမော်တော်ယာဉ်ပေါ်မှ M22 (Type 81-1) အမျိုးအစား(အသစ်) ၅၀လက်၊ (7.62mm)ကျည် ၁၉၉၀၀တောင့်၊ ကျည်အိမ် ၂၀၂ခု၊ လက်ပစ်ဗုံး ၅၀လုံး၊ အီကွေးမန့် ၅၀စုံတို့ကို စစ်ကောင်စီတပ်မှ သိမ်းဆည်းရမိသွားသည်ဟု ဆိုသည်။
ဖမ်းဆီးခံရသည့် လူငယ် ၂ဦးသည် သေနတ်နှင့် လက်နက်များကို မည်သည့်နေရာမှသယ်ဆောင်လာပြီး မည်သည့်အဖွဲ့အစည်းအတွက် ဖြစ်သည်ကို မသိရသေးဟု သတင်းတွင် ဖော်ပြသည်။
ယင်းလူငယ် ၂ဦးအား စစ်ဘက်ဆိုင်ရာအထူးလုံခြုံရေးတပ်ဖွဲ့၊ ရပ်စောက် တပ်နယ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ကြောရေး ပြုလုပ်နေသည်ဟု သိရသည်။
(Photo Mekong News)

ဆက်စပ် သတင်းများ