- Web Master
- ၁၁ ဇန်နဝါရီ ၂၀၂၄
လူထက်နိုင်( ဒွါယာမြီ)၊နိရဉ္စရာ၊ ဇူလိုင် ၂၅/၂၀၂၄
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကိုးကန့် MNDAA ဒီကနေ့မှာ မြန်မာ၊ တရုတ် နှစ်ဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ထဲတွင် “သတင်းထူး-(လားရှိုးမြို့ ရှေ့တန်းသတင်း ဇူလိုင် ၂၅ ရက်) ၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAA တပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်”လို့ ရေးသားထားပါတယ်။
ယခု လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်
သိမ်းပိုက်နိုင်မှုဟာ တော်လှန်ရေးသမိုင်းမှာ ပထမဆုံး စစ်တပ် တိုင်းဌာနချုပ်တစ်ခုကို
သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။(ဓာတ်ပုံ- ပုံဟောင်းသာ)