သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ULA/AA ၏ (၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇွန်လ (၈) ရက်တွင် ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

အေးမြတ်ခိုင်

နိရဉ္စရာ၊ မေလ ၃၀/၂၀၂၄

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA ) ၏ (၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကိုဇွန်လ (၈) ရက်တွင် ကျင်းပမည်ဟု ယနေ့ မေလ ၃၀ ရက်တွင် ကြေညာသည်။

လာမည့် ဇွန်လ (၈) ရက်၊ စနေနေ့  နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြုလုပ်သွားမည် ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကို ယခင်အကြိမ်များအတိုင်း ရက္ခိုင်ဘာသာစကားဖြင့် ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။

သတင်းရယူလိုသော သတင်းထောက်များအနေဖြင့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်နိုင်ရန်အတွက်ဖော်ပြပါ လင့်ခ် (https://forms.gle/9FkNHENUvZ9R1sMp9 ) မှတစ်ဆင့် စာရင်းသွင်းရန်လိုအပ်ပြီး စာရင်းသွင်းထားသော သတင်းထောက်များကိုသာ တက်ရောက် သတင်းရယူခွင့်ပြုမည်ဟု ဆိုသည်။

စာရင်းသွင်းထားသော သတင်းထောက်များကို သတင်းစာရှင်းလင်းပွဲ တက်ရောက်နိုင်ရန်အတွက် Email မှတစ်ဆင့် လိုအပ်သည့်အချက်အလက်များကို ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

သတင်းထောက်များအနေဖြင့် မေးမြန်းလိုသော မေးခွန်းများကို ဇွန်လ (၃) ရက်၊ တနင်္လာနေ့ကို နောက်ဆုံးထား၍ [email protected] အီးမေးလ်လိပ်စာမှတစ်ဆင့် ပေးပို့ မေးမြန်ရမည်ဖြစ်ကာ သတ်မှတ်ရက်ကျော်လွန်ပြီးမှ ပေးပို့လာသော မေးခွန်းများကို လက်ခံဖြေကြားပေးမည်မဟုတ်‌ကြောင်း အသိပေးထားသည်။

သတင်းမေးမြန်းရာတွင် အချိန်ကို ငဲ့ညှာသောအားဖြင့် သတင်းထောက်တစ်ဦးကို မေးခွန်း (၂) ခုသာ လက်ခံသွားမည်ဖြစ်ပြီး ထပ်ဆင့်မေးခွန်းတစ်ခုကိုလည်း ခွင့်ပြုပေးသွားမည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ