သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

လာမည့်သမ္မတရွေးကောက်ပွဲ သမ္မတဂျိုးဘိုင်ဒန် ဝင်ရောက်မယှဉ်ပြိုင်တော့ကြောင်းကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 659

(ဒုတိယ သမ္မတ ကမ်မလာဟဲရစ်ကို သမ္မတလောင်းအဖြစ်ထောက်ခံသွားမည်ဟုဆို)

နိရဉ္စရာ၊ ဇူလိုင် ၂၂/ ၂၀၂၄

လာမည့် နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း သမ္မတ ဂျိုးဘိုင်းဒန် ကြေညာသည်။

သမ္မတ ဂျိုးဘိုင်ဒန်အား အသက်အရွယ်ကြီးရင့်ပြီး စွမ်းဆောင်ရည် ကျဆင်းလာမှုကြောင့်​ ရွေးကောက်ပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်ရန်  ဒီမိုကရက်တစ်ပါတီဝင်များမှ ဖိအားပေး တောင်းဆိုလာပြီးနောက်တွက် “နိုင်ငံနှင့် ပါတီ အကျိုးစီးပွားအတွက်”  ရည်ရွယ်ပြီး လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာသွားခြင်း ဖြစ်သည်။

လက်ရှိ ဒုတိယ သမ္မတ အမေရိကန် လူမဲအမျိုးသမီး ကမ်မလာ ဟဲရစ် (Kamala Harris) (၅၉) နှစ်ကို ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် 'ထောက်ခံမှုအပြည့်' နှင့် အားပေးထောက်ခံသွားမည်ဟု ပြောဆိုသည်။

လွန်ခဲ့သည့် ဇွန်လနောက်ဆုံးအပတ်က ပြုလုပ်ခဲ့သည့်  ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်နှင့် စကားစစ်ထိုးပွဲတွင်  သူ့၏ စွမ်းဆောင်ရည်ကြောင့် ဒီမိုကရက်ပါတီဝင်များအကြား ပြင်းထန်သည့် ဝေဖန်မှုနှင့်  ဖိအားပေးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း ယခု သမ္မတလောင်း အဖြစ်  ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။   

ဆက်စပ် သတင်းများ