(တိုက်ပွဲသံတွဲမြို့ပေါ်ထိ ရောက်လာ၍ ထောင်နှင့်ချီသောပြည်သူများ
မြို့ကို စွန့်ခွာနေ)
လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၃ ရက်/၂၀၂၄
အာရက္ခတပ်တော် ( AA)၏ ထိုးစစ် သံတွဲမြို့ပေါ်ထိ ရောက်ရှိလာသဖြင့် သံတွဲမြို့ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများသည် မြို့ကို
စွန့်ခွာပြီး ဂွမြို့သို့ ဆုတ်ခွာသွားခဲ့ကြသလို မြို့လူထုလည်း မြို့ကိုစွန့်ခွာကာ ဘေးလွှတ်ရာသို့
ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။
အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူ တစ်ဦးက “ ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် တာဝန်ရှိတဲ့
လူကြီးတွေ အကုန်လုံး သံတွဲကနေ ဂွကို ဆုတ်ခွာသွားကြပါပြီ။ တရားရေး၊ ဆောက်လုပ်ရေး ခရိုင် တာဝန်ရှိသူတွေရော၊ ဌာဆိုင်ရာတွေရော
အကုန်ဆုတ်ခွာသွားကြပါပြီ။ ခရိုင်ရဲမှူးလည်း ပါတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သူ့ကိုတော့
အတည်ပြုလို့ မရသေးပါဘူး”ဟု ပြောသည်။
သံတွဲမြို့အနီးထိ အာရက္ခတပ်တော်(AA )နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားလာသည့် လုံခြုံရေး စိုးရိမ်စရာဖြစ်လာသည့်အတွ
“ လက်ရှိ အခြေအနေမှာ အေအေ တက်လာပြီဆိုရင် စစ်တပ်ကပြေးပြီ။ ထိပ်တိုက်မတိုးရဲ ကြတော့ဘူး။ အေအေ
စစ်ကြောင်းဖြတ်သွားလိုက်ပြီဆိုရင် နောက်မှာ သူတို့ (စစ်တပ်) ပေါ်လာပြီ။ ဘယ်လိုဗျူဟာလည်းတော့ မသိဘူး။ စစ်သားတွေက စစ်မတိုက်ချင်ကြတော့ဘူးလို့တော့ သိရတယ်။ အခု အေအေက ခမရ ၅၆၆နဲ့ ခလရ ၅၅ ကို အဓိက ပစ်မှတ်ထားနေတယ်။ မြို့ထဲကို ဗုံးကြဲမှာကို စိုးလို့ တိုက်ပွဲမဖော်ဘဲ လွှတ်
အလားတူ သံတွဲမြို့ခံများမှာ သံတွဲမြို့ဝင် စာနီတောင်
မောင်းတံဂိတ်ကို စစ်ကောင်စီမှ ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖွင့်ပေးလိုက်ပြီးနောက် ထောင်နှင့်ချီသော ပြည်သူများမှာ မြို့ကို စွန့်ခွာ နေကြသည်ဟု ပြောဆိုသည်။
ဒေသခံ လူငယ်တစ်ဦးက “ လူတွေနည်းတာမဟုတ်ဘူး။ စာနီတောင်ဂိတ်မှာ ဒီနေ့ဖွင့်ပေးလိုက်တာ ကားတွေ ဆိုင်ကယ်တွေ
တုတ်တုတ်တွေအပြည့်ဘဲ။ မှတ်ပုံတင်ပြရုံနဲ့သွားလို့ရတယ်
စစ်ကောင်စီ တပ်ဖွဲ့နှင့် ပြည်သူ့စစ်များအကျအဆုံးများနေပြီ
ယခင်က အဆိုပါမောင်းတံဂိတ်ကို ဖြတ်သန်းခွင့်ရရန် ရပ်ကွက်ထောက်ခံစာ၊
ရဲစခန်းထောက်ခံစာ၊ ထွေအုပ်ထောက်ခံစာ၊ ဆရာဝန်ဆေးထောက်ခံစာများပြသနိုင်မှသာ
ဖြတ်သန်းခွင့်ရခြင်းဖြစ်ပြီး ယနေ့တွင် ထိုသို့ ပြစရာမလိုဟု ဆိုသည်။
လက်ရှိသံတွဲမြို့စစ်ရှောင်များ
သို့သော် လက်ရှိတွင် မြို့ မြောက်ဘက်ရှိ သံတွဲ-ကင်းမော်ကားလမ်းကို
ပိတ်ဆို့ထားသဖြင့် သံတွဲ -
ကင်းမော် ကားလမ်း တစ်လျှောက်ရှိကျေးရွာများမှ ဒေသခံပြည်သူများမှာ ပိတ်မိနေကြသည်ဟု သိရသည်။
“ သံတွဲ - ကင်းမော်ကားလမ်းတစ်လျှောက်ရှိ ကျေးရွာတွေဖက်ကတော့ ဒေသခံတွေပိတ်မိနေတယ်။ ခြံပြင်ရွာမှာလည်း လမ်းကို စစ်ကောင်စီကတူးပြီး ပိတ်ထားတော့ ကားတွေ သွားလာလို့ မရ ဖြစ်နေတယ် ” ဟု ကင်းမော် ဒေသခံတစ်ဦးက ပြောသည်။
ပုံစာ-စာနီတောင်ဂိတ်မှစစ်ရှောင်