တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

သံတွဲအကျဉ်းထောင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုတွင် အကျဉ်းသူ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၁၃/ ၂၀၂၄

ရခိုင်ပြည် သံတွဲမြို့နယ် သံတွဲအကျဥ်းထောင်တွင် ဇူလိုင် ၁၁ရက် ညနေက လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုဖြစ်စဉ်တွင် အကျဥ်း ကျခံနေရသော ဂွမြို့မှ အမျိုးသမီးနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ အမျိုးသမီးနှစ်ဦးမှာ ဒေါ်နွယ်နွယ် (၃၈) နှစ်နှင့်နောက်ထပ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။

၎င်းတို့ နှစ်ဦးသည် တစ်ခြားထောင်သားအချို့နှင့် အတူ ထောင်မှ လွှတ်ပေးလိုက်စဉ် ထောင်ဗူး၀ အရောက်တွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဂွမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

“ ပစ်ခတ်မှုဖြစ်တာတော့ မနေ့ကနေအခုထိပဲ။ ကျွန်တော်တို့ကိုအလောင်းကောက်ဖို့ဆက်သွယ်တာကတော့ ဒီမနက်ကမှလာဆက်သွယ်တယ။  အခုဂွကနေ သံတွဲသွားတဲ့ လမ်းကနေ သွားမရဘူး။  ကြိမ်ချောင်းမှာ တပ်ကဖြတ်မရလို့ ပြောတယ်။ တော်တော်စိတ်ဆင်းရဲရတယ်။ ထောင်ကလွတ်တဲ့ နေ့မှာပဲ။ ဗုံးထိလို့သေတာပါ။ အခု အလောင်းတွေက သံတွဲစာတိုက်ရှေ့မှာဒီအတိုင်းပစ်ထားတယ်” ဟု ပြောသည်။

၎င်းအလောင်း နှစ်လောင်းကို ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်းထိ ကောက်ယူရန် ခက်ခဲနေကြောင်း ဒေသခံများထံမှသိရသည်။

သံတွဲအကျဥ်းထောင်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီးနောက် စစ်ကောင်စီက (AA နှင့် ဆက်စပ်သူများမှအပ) ကျန်   ကျန်အကျဥ်းများကို လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

အဆိုအ အထဲတွင် ယခုသေဆုံးသွားခဲ့သည့် အမျိုးသမီး ၂ဦးပါဝင်ကြောင်း ဒေသခံများကဆိုသည်။

“ထောင်ကိုဗုံးကျတယ်။  အဲ့ဒါမှာ တစ်ချို့ ထောင်သားတွေ လွတ်ပေးတယ်။ အဲ့မှာ လွတ်လာတဲ့ ဂွက အမျိုးသမီးနှစ်ယောက် အဝမှာ ဗုံးထိပြီးသေသွားတယ်။ အခု အလောင်းက စာတိုက်ရှေ့မှာ။ လက်နက်ကြီးကျည်တွေ ကျတော့ ဘယ်သူမှ သွားမကောက်ရဲဘူး။  စစ်ကောင်စီက ထောင်ထဲမှာ တပ်စွဲထားရကနေ  အခု တပ်ဆုတ်ဖို့ပြင်နေတယ်။ လွတ်တဲ့အထဲမှာ အကျဥ်းသူ ၅၀ နီးပါးပါတယ်လို့ သိရတယ်”ဟု သံတွဲဒေသခံတစ်ဦးမှပြောသည်။

သံတွဲအကျဉ်းထောင်တွင် စစ်ကောင်စီတပ်သားများ နေရာယူထားပြီး လက်နက်ကြီး အထိုင်ချကာ ဗျူဟာမှူးတစ်ဦးက ကွပ်ကဲနေသော်လည်း စစ်ရေး အခြေအနေမကောင်း၍ တပ်ဆုတ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

အာရက္ခတပ်တော်ကလည်း သံတွဲမြို့အား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားရန် ထုတ်ပြန်ကြေညာထားသည်။

 

ဆက်စပ် သတင်းများ