သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံသူ မစ္စဂျူလီဘိရှော့ပ်ကို ခန့်အပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 634

နိရဉ္စရာ၊ ဧပြီ ၅/၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း  မစ္စဂျူလီဘရှော့ပ် (Ms. Julie Bishop) ကို ခန့်အပ်ကြောင်း  ယနေ့ မတ် ၅ ရက်နေ့ွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က  ထုတ်ပြန်ကြေညာသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာ တာဝန်က အနားယူသွားပြီးနောက် တစ်နှစ်နီးပါး အကြာတွင် ကုလအထူးသံတမန်အဖြစ် သူမအား ခန့်အပ်ခြင်းဖြစ်သည်။

မစ္စဂျူလီဘရှော့ပ်သည် ကျယ်ပြန့်သော နိုင်ငံရေး၊ ဥပဒေရေးရာ၊ စီမံခန့်ခွဲမှုနှင့် အကြီးတန်း ခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံများစွာရှိသူ တစ်ဦးဖြစ်သည်ဟု ဆိုသည်။

သူမသည် သြစတြေးလျအစိုးရတွင် အဆင့်မြင့်ရာထူးများစွာကို ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေး၀န်ကြီး အဖြစ် (၂၀၁၃-၂၀၁၈)  တာဝန်ထမ်းဆောင်ခဲ့သည့် အပြင် ပညာရေး၊ သိပ္ပံနှင့် လေ့ကျင့်ရေး ကက်ဘိနက်ဝန်ကြီးနှင့် သက်ကြီးရွယ်အိုရေးရာဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်ဟု ယူအန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  သူမသည် ဩစတြေးလျပါလီမန်တွင်  (၁၉၉၈-၂၀၁၉)တွင် အနှစ် (၂၀) တရားဝင်အသက်မွေးဝမ်းကြောင်းပြုခဲ့သူ တစ်ဦးဖြစ်သည်။

သူမ၏ အလုပ်သက်တမ်းစ်လျှောက်လုံးတွင် မစ္စဂျူလီဘရှော့ပ်သည် ဒေသတွင်းမိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံမှုကို အားကောင်းစေပြီး နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများကို စွမ်းောင်ခဲ့သူဖြစ်ကာ ပထမဆုံးသော ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေး သဘောတူစာချုပ်အပါအဝင် ဦးဆောင်ခဲ့သူဖြစ်သည်ဟု ဆိုသည်။

မစ္စဂျူလီဘရှော့ပ် လက်ရှိတွင် Australian National University ၏ အဓိပတိဖြစ်သည်။ သြစတြေးလျနိုင်ငံ၊ Adelaide တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိထားသူဖြစ်ကြောင်း ကုလ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!