သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများကို အီးယူက ယူရို (၁.၂ )သန်းပေးအပ်မည် (ထိခိုက်နစ်နာသူများကိုလည်း ဝမ်းနည်းကြောင်း အီးယူကပြောဆို)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 126

နိရဉ္စရာ၊ စက်တင်ဘာ ၂၀/ ၂၀၂၄

မြန်မာနိုင်ငံရှိရေဘေးသင့်ပြည်သူများကိုယူရို (၁.၂ )သန်း ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း အီးယူ က ကြေညာချက်ထုတ်ပြန်လိုက်သည်။

တိုင်ဖွန်းမုန်တိုင်းရာဂီ ကြောင့် နောက်ဆက်တွဲရေကြီး၊ရေလျှံ မှုများကြောင့် ထိခိုက် နစ်နာသူများ ကိုလည်း ဝမ်းနည်းမိပါ ကြောင်းအီးယူက ပြောဆိုသည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်မှု အတွက် အီးယူသည်အရေးပေါ်အကူအညီ ယူရို (၁.၂)သန်း ထောက်ပံ့ရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းဥရောပသမဂ္ဂ(အီးယူ)မှ  စက်တင်ဘာ (၁၈)ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အီးယူသည်  အလိုအပ်ဆုံးသောသူများထံသို့ အကူအညီများရောက်ရှိစေရန် ဦးတည် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၊ နောက်ထပ်သေချာသောရန်ပုံငွေများ ရရှိရန်အတွက်လည်း မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။ ယခုထောက်ပံ့မှုသည် အကျပ်အတည်း ကာလအတွင်း မြန်မာနိုင်ငံကို ကူညီရန်နှင့် အလွန်လိုအပ်နေသူများကို ကူညီပေးရန် အီးယူ ၏ ကတိကဝတ်များကို ထင်ဟပ်စေသည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။ Source/ Europe Union and Photo/internet

ဆက်စပ် သတင်းများ