သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြန်မာနိုင်ငံတွင် ပဋိပက္ခများတိုးမြင့်လာမှုအပေါ်အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း၊ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေမှုများအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများက ကြေညာချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 346

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၂၈/၂၀၂၄

မြန်မာနိုင်ငံတွင် ပဋိပက္ခများတိုးမြင့်လာမှုအပေါ်အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း၊ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေမှုများအပေါ် မိမိ တို့အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း အာဆီယံနိုင်ငံခြားရေး၀န်ကြီးများကကြေညာချက်ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခများ တိုးမြင့်လာမှုများ၊ အရပ်သားများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေမှုများအပေါ် မိမိ တို့အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း၊ ထိုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် တောင်းဆို ကြောင်း၊ ပါဝင်ပတ်သက်သူအားလုံးကိုလည်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန်လည်း မိမိတို့ အနေဖြင့် တိုက်တွန်းပါကြောင်းကြေညာချက်တွင်ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်အာဆီယံနိုင်ငံခြားရေး၀န်ကြီးများသည် မြန်မာနိုင်ငံ၏ အခြေအနေ ကို လည်းထည့်သွင်းဆွေးနွေးခဲ့ကြပါကြောင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ တိုးမြင့်လာနေ မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအပေါ် တွင်အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည့် (၅၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (AMM) အပြီ းဇူလိုင်လ(၂၇)ရက်တွင်ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံအခြေအနေ နှင့်ပတ်သက်ပြီးအထက်ပါအတိုင်းထည့်သွင်းဖော်ပြထားသည်။

အရပ်သားများကို အကာအကွယ် ပေးရေးနှင့် ဘေးကင်းလုံခြုံရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရေး နှင့် အမျိုးသားအဆင့် တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပဖို့ကိုလည်းထပ်လောင်းတောင်းဆိုပါကြောင်းထည့်သွင်းဖော်ပြထားသည်။

အာဆီယံဥက္ကဌ၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်Mr. Alounkeo Kittikhoun ကြိုးပမ်းအားထုတ်မှုများအတွက် လည်းအသိအမှတ်ပြုပါကြောင်း၊ အာဆီယံ ဘုံ သဘောတူညီချက်(၅)ချက် လုံးကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများရရှိအောင်မိမိတို့ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် H.E Julie Bishop အား ခန့်အပ်မှုကို လည်း ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တို့အ ကြား နီးကပ် ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကြေညာချက်တွင်ဖော်ပြထားသည်။ Source/ASEAN

ဆက်စပ် သတင်းများ