အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အိန္ဒိယ-မြန်မာနယ်စပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်၊ နာဂတပ်မတော်မှဗိုလ်မှူးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 729

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၂၅/၂၀၂၄ 

အိန္ဒိယ-မြန်မာနယ်စပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နာဂတပ် မတော်မှဗိုလ်မှူးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာနယ်ခြား မှတ်တိုင်အမှတ် ၈၊ ၉၊ ၁၀ (နယ်ခြားမှတ်တိုင်အသစ် အမှတ် ၈၉၊ ၉၀၊ ၉၁) အနီးတွင် ဇူလိုင်(၂၄)ရက်က အင်အားပြင်းထန်သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ယုံကြည် စိတ်ချရသော သတင်းရင်းမြစ်များ အရသိရသည်ဟု Ukrul Tims က သတင်းဖော်ပြသည်။

ပေါက်ကွဲခဲ့သောဗုံးမှာ ကူကီးအမျိုးသားတပ်မတော် (မြန်မာ) မှ ထောင်ထားသော (မိုင်း) ဗုံးဟု ယူဆရပြီး၊ ဗုံး ပေါက်ကွဲမှုကြောင့် နာဂတပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး အခြားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ နာဂလန်း၊တိုရှီဇု ရွာမှ Zhento Assumi ၏သားဖြစ်သူ နာ ဂတပ်မတော်မှ ကိုယ်ပိုင်အမှတ်(AB-11362) ဖြစ်သည့် ဗိုလ်မှူး Huseya Assumi ဖြစ် ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး အခြားဒဏ်ရာရသူနှစ်ဦးကိုမူ ယခုသတင်းဖော်ပြ ချိန်အထိမသိရှိရသေးပေ။

ကနဦးသတင်းများအရ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်တွင် မြှုပ်နှံထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။သို့သော်လည်း တရားဝင်သတင်းရင်းမြစ်များမှ အသေးစိတ်အချက်အလက်များကိုမူယခုချိန်အ ထိထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။

ကွယ်လွန်သွားသူ ဗိုလ်မှူး Hosea Assumi ၏ ရုပ်အလောင်းအားမြှုပ်နှံရန်အတွက် ၎င်း၏ဇာတိရွာသို့ မပို့ဆောင်ခင် Ukhrul ရှိ ဌာနချုပ်သို့ ပို့ဆောင်ထားခဲ့ ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ကလည်း နာဂတပ်မတော်မှ ဗိုလ်ကြီး R.S. R.S. Winsonသည် Ukhrul ခရိုင် ၊ Ngaingaကျေးရွာ တွင် ကူကီးအမျိုးသား တပ်မတော် (မြန်မာ) နှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်။ Source/Ukhrul Times

ဆက်စပ် သတင်းများ