ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

လွတ်လပ်ရေးနေ့တွင် ခရိုင်းမီးယားကို ပြန်လည်သိမ်းပိုက်မည်ဟု ကြေညာပြီးနောက် ရုရှားက ယူကရိန်းဒရုန်း ၄၂ စင်းကို ပစ်ချခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 440

ဩဂုတ်လ ၂၄ ရက်တွင် ကျရောက်သည့် ယူကရိန်းလွတ်လပ်ရေးနေ့တွင် ရုရှားက သိမ်းပိုက်ထားသည့် ခရိုင်းမီးယားကို ပြန်လည်သိမ်းပိုက်မည်ဟု ယူကရိန်းက ကြေညာလိုက်ပြီးနောက် ယူကရိန်းဒရုန်း ၄၂ စီးကို ရုရှားက ပစ်ချလိုက်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာသည်။

 

ယူကရိန်းနိုင်ငံ၏ ၃၂ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ယူကရိန်းတပ်များသည် ခရိုင်းမီးယားကျွန်းဆွယ်ပေါ်သို့ ခေတ္တဝင်ရောက်နိုင်ခဲ့ကြသည်။

 

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက အထူးစစ်ဆင်ရေးတွင် အကျအဆုံးမရှိ အောင်မြင်ခဲ့သည်ဟုဆိုသည်။

 

ခရိုင်းမီးယားအနောက်ပိုင်း အိုလီနစ်ကာ နှင့် မာယက်ဒေသ တိုက်ပွဲအတွင်း ရုရှားဘက်က အကျအဆုံးများခဲ့သည်ဟု သိရသည်။

 

ရုရှားနိုင်ငံသည် ၂၀၁၄ခုနှစ်က ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ကျူးကျော်သိမ်းပိုက်ပြီး ရုရှားပိုင်နက်အတွင်း ထည့်သွင်းခဲ့သည်။

 

ခရိုင်းမီးယား ပြန်လည်သိမ်းပိုက်ရေး စစ်ဆင်ရေးတွင် ယူကရိန်းရေတပ်လည်း အထောက်အကူပြု ပါဝင်ပေးခဲ့သည်ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

 

ယူကရိန်းအထူးတပ်များသည် ရေတပ်ရေယာဉ်များဖြင့် ကမ်းပေါ်တက်ရောက်ခဲ့ပြီး စခန်းချနေသော ရုရှားတပ်များနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထို့နောက်တွင် ထိုနေရာ၌ ယူကရိန်းအလံကို စိုက်ထူခဲ့ကြကြောင်း ယူကရိန်း ထောက်လှမ်းရေးက သတင်းထုတ်ပြန်ခဲ့သည်။

 

 NN-27

ref:BBCWorld

ဆက်စပ် သတင်းများ