ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

လုံခြုံရေးအခြေအနေအရ လောက်ကိုင်အနီးနေထိုင်သူ တရုတ်နိုင်ငံသားများ အမြန်ဆုံး နေရာပြောင်းရွှေ့ကြရန် ရန်ကုန်ရှိ တရုတ်သံရုံးက တိုက်တွန်း


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 876

လုံခြုံရေးအရ တရုတ်နိုင်ငံသားများ အန္တရာယ်ရှိနိုင်သည့်အတွက် မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် လောက်ကိုင်အနီးနေထိုင်သော တရုတ်နိုင်ငံသားများ အမြန်ဆုံးနေရာပြောင်းရွှေ့ကြရန် ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တိုက်တွန်းသတိပေး လိုက်သည်။

မြန်မာစစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပေါ်နေသည့်တိုက်ပွဲများ အရှိန် အဟုန်အမြင့်ဆုံး ရောက်ရှိလာချိန်တွင် ယခုကဲ့သို့ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ မြန်မာစစ်တပ်သည် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၏ အကြီးမားဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လက်နက်ကိုင်တိုက်ပွဲများ အရှိန်အဟုန်မြင့်မားလာခဲ့သည်။

“ မြန်မာနိုင်ငံမြောက်ပိုင်း လောက်ကိုင်ခရိုင်အတွင်းမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။ အဲဒီနေရာမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေဟာ အန္တရာယ်ရှိနေပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ တရုတ်သံရုံးက လောက်ကိုင်အနီးက တရုတ်နိုင်ငံသားတွေ အမြန်ဆုံး နေရာပြောင်းရွှေ့ကြဖို့ သတိပေးလိုက်ပါတယ်” တရုတ်သံရုံး WeChat တွင်ဖော်ပြထားသည်။

တရုတ်စကားပြော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ MNDAA က အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှု၊ လောင်းကစားမှု စသည့် နာမည်ဆိုးများဖြင့် ကျော်ကြားသော လောက်ကိုင်ကို အပြီးသတ် သိမ်းပိုက်မည်ဟု ကြုံးဝါးထားသည်။

တရုတ်နိုင်ငံသည် မြန်မာစစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးရန် ကြားဝင်စေ့စပ်ပေးခဲ့ပြီး ပြီးခဲ့သည့်လက အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သော်လည်း ယခုနောက်ပိုင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့သည်။ NN-27

 ref: Aljazeera

ဆက်စပ် သတင်းများ