တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

မတူပီမြို့ နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ချင်းညီနောင်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 893

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၅ ရက်/၂၀၂၄

ချင်းညီနောင်အနေဖြင့် နဂိုမူလ စစ်ဆင်ရေးရည်မှန်းချက်အတိုင်း မတူပီမြို့ သိမ်းတိုက်ပွဲကို ဆက်လက် ဆင်နွဲလျက်ရှိပြီး ခလရ (၁၄ဝ)နှင့် မတူပီဗျူဟာကုန်းရှိ ကာကင်းတချို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီ ဖြစ်သည့်အပြင် မတူပီမြို့ နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၅ တွင်ထုတ်ပြန်ထားသည်။

ချင်းညီနောင်မှ မတူပီမြို့တွင် ဖော်ဆောင်လျက်ရှိသော ချင်းညီနောင်စစ်ဆင်ရေး (Operation CB) နှင့် ပတ်သက်၍ အများပြည်သူသို့ အသိပေးထုတ်ပြန်ရာတွင် ချင်းညီနောင်စစ်ဆင်ရေး မတူပီမြို့ သိမ်းတိုက်ပွဲအတွင်း လာရောက်နှောင့်ယှက်ခဲ့ကြသော CNF/CNA ဦးဆောင်သည့် ပူးပေါင်း တပ်ဖွဲ့များအား ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၄) ရက် ညနေပိုင်းတွင် မောင်းထုတ်နိုင်ခဲ့ပြီး ဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“မတူပီမြိုနယ်တွင် ဖော်ဆောင်လျက်ရှိသော ချင်းညီနောင် စစ်ဆင်ရေး (Operation CB)နှင့် စပ်လျဉ်း၍ အကြမ်းဖက် စစ်ကောင်စီ၏ မတူပီအခြေစိုက် ခမရ (၃ဝ၄) တပ်ရင်းအား ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း မိဘပြည်သူများအား အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီ၏ မတူပီအခြေစိုက် ခလရ (၁၄ဝ) တပ်ရင်းနှင့် မတူပီဗျူဟာကုန်းအား သိမ်းယူနိုင်ရေးအတွက် ကြိုးပမ်းနေစဉ် CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များမှ မိမိတို့ ချင်းညီနောင်နှင့် မဟာမိတ်များအား အလစ်အငိုက်လာရောက် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ဆင်ရေးနှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရပါသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များမှ ၎င်းတို့ စခန်းချတပ်စွဲခဲ့သော ငလိုင်နှင့် ဖနိုင်အကြား တောင်ကြောအနီးတဝိုက်တွင် မြေမြုပ်မိုင်း အများအပြား မြုပ်နှံထားခဲ့ကြောင်း သိရှိရသောကြောင့် မိမိတို့ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များမှ အဆိုပါမြေမြုပ်မိုင်းများကို အသေးစိပ် ရှင်းလင်းရေး မပြုလုပ်နိုင်သေးမီကာလအတွင်း မတူပီမြို့နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် အဆိုပါနေရာများသို့ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြပါရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအား အထူးသတိပြုကြပါရန် ချင်းညီနောင်မှ နှိုးဆော်ထားသည်။



ဆက်စပ် သတင်းများ