တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို သိမ်းလိုက်ပြီဟု ကိုးကန့် MNDAA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 814

လူထက်နိုင်( ဒွါယာမြီ)၊နိရဉ္စရာ၊ ဇူလိုင် ၂၅/၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့  ကိုးကန့် MNDAA ဒီကနေ့မှာ  မြန်မာ၊ တရုတ် နှစ်ဘာသာနဲ့  သတင်းထုတ်ပြန်ပါတယ်။ 

ထုတ်ပြန်ချက်ထဲတွင် “သတင်းထူး-(လားရှိုးမြို့ ရှေ့တန်းသတင်း ဇူလိုင် ၂၅ ရက်) ၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAA တပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်”လို့ ရေးသားထားပါတယ်။

ယခု​ လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက် သိမ်းပိုက်နိုင်မှုဟာ တော်လှန်ရေးသမိုင်းမှာ ပထမဆုံး စစ်တပ် တိုင်းဌာနချုပ်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။(ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ