တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မနေ့ကညဉ့်အချိန် ကျောက်တော်အနီးပစ်ခတ်မှုအတွင်း ရွှေလိူင်ကျေးရွာမှ အမျိုးသမီး တစ်ဦးဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.7k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၂၈/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း သြဂုတ် ၂၇ ရက်နေ့ ညဉ့်အချိန် ပစ်ခတ်မှု အတွင်း ရွှေလိူင်ကျေးရွာမှ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူမှာ ရွှေလိူင်ရွာမှ ဒေါ်အေးနွယ်(၄၃) နှစ် ဖြစ်ပြီး သူမ၏ပေါင်တွင် ကျည်ဆံထိမှန်ဒဏ်ရာရရှိ ခဲ့သည်။

ရွှေလိူင်ရွာသား တစ်ဦးက “ ဒဏ်ရာရတာက ပေါင်မှာဖြစ်ပါတယ်။ ကျည်ဆံထိမှန်တာပါ။ မနေ့က ညဉ့် ၁၁နာရီလောက်မှာ ပစ်ခတ်မှု ဖြစ်တာပါ။ အဲဒီအတွင်း ပေါင်မှာထိမှန်ခဲ့တာပါ” ဟု ပြောကြားသည်။

မနေ့ညဉ့်တွင်း ကျောက်တော်လူမှုရေးအသင်းကားဖြင့်  ကျောက်တန်းရွာထိ လာရောက်ပြီး ဒေါ်အေးနွယ်ကို ကျောက်တော် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။

ဒေသခံ တစ်ဦးက ကျောက်တော်မြို့အနီး ကုလားတန်မြစ်အတွင်း ရောက်ရှိနေသည့် ရေတပ်သင်္ဘောကို ရက္ခိုင့်တပ်တော် AA က ကုန်းပေါ်ပစ်ခတ်သည်ဟု သတင်းရရှိကြောင်း၊ ၎င်းနောက် ရေတပ်မှ ပြန်လည်ပြီး မြစ်အတိုင်း ပြန်လည် ထွက်ခွာစဉ် နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရှိရကြောင်း၊ ၎င်းပစ်ခတ်မှု ဖြစ်စဉ် အတွင်း ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

နိရဥ္စရာ သတင်းဌာနအနေဖြင့် သက်ဆိုင်ရာ နှစ်ဖက်တာဝန်ရှိသူများကို ဆက်သွယ်၍ မရသေးသဖြင့် ယမန်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး မည်သို့ မည်ပုံ ဖြစ်ပျက်ခဲ့သည်ကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ဒဏ်ရာရရှိသွားသူ ဒေါ်အေးနွယ်၏ အမျိုးသား ဦးမောင်ခင်ဝင်းအား ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ရာတွင်လည်း လက်ခံ ဖြေဆိုခြင်း မရှိသေးသဖြင့် ဒေါ်အေးနွယ်ကျည်ဆံ ထိမှန်ခဲ့ရပုံကို အသေးစိတ် တင်ပြနိုင်ခြင်း မရှိသေးပါ။

ဆက်သွယ်မေးမြန်းရရှိပါက အသေးစိတ် ဆက်လက် တင်ပြပေးပါမည်။

ဆက်စပ် သတင်းများ