တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးလင်းမြွေတောင်တိုက်ပွဲအတွင်း အရပ်သားအမျိုးသမီး တစ်ဦးဒဏ်ရာ ပြင်းထန်စွာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 6.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ်၂၈/၂ဝ၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်တော်မြောက်ဦး ကားလမ်းဘေးရှိ လင်းမြွေတောင်ပေါ်တွင် ယနေ့နံနက် ၄ နာရီ ခန့်က နေ နံနက် ၁ဝနာရီ ကျော်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ လင်းမွေတောင်အနီးနှစ်မိုင်ကျော်က ထိပ်ဝပြင် ကျေးရွာမှ အမျိုးသမီးတစ်ဦးလက်နက်ကြီး ကျည် ထိမှန်သွားသည်ဟု သိရသည်။

“မနက်မိုးလင်းအာရုံ တတ် ၄နာရီကတည်းက အပြန်လှန်ပစ်ခတ်သံတွေ ကြားနေရပါတယ်။ အခုလည်းကြားပါတယ်၊ ကျွန်တော်တို့ကျေးရွာအုပ်စု ထိပ်ဝပြင်ကျေးရွာက အမျိုးသမီးတစ်ဦးရဲ့ဝမ်းဗိုက်ကို လက်နက်ကြီး ထိထားပါတယ်” ဟု ရုတ်ချောင်းေ ကျးရွာသားတစ်ဦးက နိရဥ္စရာကို ပြောသည်။

အဆိုပါ အမျိုးသမီးမှာ မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာမှ မတင်တင်ဌေး (၃၉) နှစ်ဖြစ်သည်။

“  AAကလာပြီး ပစ်တာလေ။ AA က အသိရှိကြတာ မဟုတ်ဘူး။ ကားလမ်းတွေ ပိတ်ထားရတာက ပြည်သူတွေ အန္တရာယ် မဖြစ်အောင်ပါ ”ဟု အနောက်ပို်င်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အချိန်တွင် ရက္ခိုင့်တပ်တော် AAမှ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခအား နိရဥ္စရာမှမေးမြန်းရာ “တိုက်ပွဲ ဖြစ်နေတယ် လို့တော့ ကြားပါတယ်။ အတိအကျတော့ ကျွန်တော်တို့ဘက်က သတင်းပေပို့လာတာ မရှိသေးပါဘူး” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားရာဒေသ အနီးကားလမ်းတလျှောက်သွားလာရန် လမ်းများအား အစိုးရစစ်တပ်ဘက်မှ ပိတ်ဆို့ထားသည့်အတွက် ဒဏ်ရာရသူ အမျိုးသမီး ဒေါ်တင်တင်ဌေးအား မြောက်ဦးဆေးရုံသို့ စက်လှေဖြင့်ပို့ဆောင်လျက်ရှိကြောင်းသိရသည်။

ဆက်စပ် သတင်းများ