သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်းပြား ရာမောင်းတံတားထိပ်တွင် တိုက်ပွဲဖြစ်နေ၊ ကားသွားအလာများရပ်ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်းတံတားတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ယနေ့ နံနက် ၅ နာရီခွဲမှစပြီး တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

“ တိုက်ပွဲဖြစ်တာက ရာမောင်တံတားထိပ်မှာ ဖြစ်နေပါတယ်။ ဒီဘက် ငစရိုင်းချောင်းဘက်မှာ ဖြစ်နေတာပါ။ အဲဒီအနားမှာ တံတားလုံခြုံရေးယူထားတဲ့ စခန်းတစ်ခု ရှိပါတယ်။ အဲဒီမှာ ဖြစ်နေပါတယ်။ တံတားထိပ်က ကျွန်တော်တို့ရွာဦးပေါ့နော်။ သိပ်မဝေးဘူး။  ပီးရင်  အဲဒီအနားမှာ တံတားအသစ်ဆောက်လုပ်မယ့် အင်ဂျင်နီယာရုံး၊ မီးတိုင်လုပ်တဲ့ အလုပ်ရုံတစ်ခုရှိပါတယ်။ အဲဒီနားမှာ ဖြစ်နေပါတယ်။ မနက် ၅  နာရီခွဲကနေ စဖြစ်တာ အခုအချိန်ထိ ပစ်နေကြတုန်းပါ။ အခု ကျိန်းတောင်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ်” ဟု အနီးအနားရှိ ဖားပြိုရွာသား တစ်ဦးက ယနေ့ နံနက် ၇ နာရီ မိနစ် ၅ဝ အချိန်က ဆက်သွယ်စဉ် ပြောကြားသည်။

သေနတ်ပစ်ခတ်သံများ မစဲသေးသဖြင့် ရွာထဲမှ မည်သူမှ မထွက်ဝံ့ကြသဖြင့် မည်သို့ ဖြစ်နေသည်ကို မသိရသေးကြောင်း၊ ကားအသွားအလာလည်း ရပ်သွားကြောင်း၊ စျေးဆိုင်များလည်း ပိတ်ထားရကြောင်း၊ ဖားပြိုရွာသားများမှာ အိမ်များရှိ ဗုံးခိုကျင်းတွင် ပုန်းအောင်နေရကြောင်း ၎င်းက ပြောကြားသည်။

တစ်ခြား ဒေသခံတစ်ဦးကလည်း ဇက်ကူးသံလုံးဝ မကြားရသလို ကားသံ၊ စက်လှေ မော်တော်ဘုတ်အသံများလည်း တိုက်နေကြောင်း၊ ပတ်ဝန်းကျင် တစ်ခုလုံး သေနတ်သံများဖြင့် ဆူညံနေကြောင်း ပြောကြားသည်။

ယခု တိုက်ပွဲ ဖြစ်ပွားနေသော ရာမောင်တံတားနေရာသည် မင်းပြားမြို့မှ လေးမိုင်၊ ငါးမိုင်ခန့်ဝေးကြောင်း သူတို့က ပြောကြားသည်။

------------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၁၁/၂ဝ၁၉






ဆက်စပ် သတင်းများ