တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ပလက်၀မြို့နယ် ဆမီးဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)တိုက်ခိုက်နေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ချင်းပြည်နယ်၊ ပလက်ဝခရိုင်မှ ဆမီးမြို့ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဆမီးဗျူဟာကုန်းကို ပြီးခဲ့သည့်ဒီဇင်ဘာ ၁၄ရက်နေ့ကတည်းက ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပလက်ဝဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" ဒီနေ့ဆိုတိုက်ပွဲကသုံးရက်မြောက်နေ့ဖြစ်ပါပြီ။ တပ်တော်ဘက်က ပလက်ဝမြို့နယ်အထဲက ကျန်နေသေးတဲ့ ဗျူဟာကုန်းတွေကို ဆက်တိုက်ခိုက်နေတာပါ" ဟုပြောသည်။

ပလက်ဝမြိုနယ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသလို ပလက်ဝမြို့ပေါ်သို့ အဝင်အထွက် လမ်းများကိုလည်း စစ်ကောင်စီမှ ပိတ်ဆို့ထားကြောင်း ပလက်ဝဒေသခံ တစ်ဦးက နိရဉ္စရာကိုပြောသည်။

" ရွာသား တွေကတော့ နေရာအသီးသီးမှာ တိမ်းရှောင်နေကြပါပြီ။ စစ်ရှောင်တွေလည်း စားဝတ်နေရေး အရမ်းခက်ခဲနေကြရပါတယ်။ တိုက်ပွဲတွေကလည်း နေ့တိုင်းလိုလို ဖြစ်နေတော့ " ဟုပြောသည်။

ရက္ခိုင့်တပ်တော်(AA)သည် ဒီဇင်ဘာ ၄ ရက်တွင် တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့တွင်  နှုံးဘူးဗျူဟာကုန်းတို့ကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ယင်းအပြင် အိန္ဒိယ-မြန်မာနယ်စပ် အနီးရှိ  အရေးကြီးသည့် စစ်စခန်းတစ်ခုဖြစ်သည့် မြိတ်ဝစခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ရှိ စစ်ကောင်စီ အခိုင်အမာ စခန်းချထားသော “ဗျူဟာကုန်း” အား ဒီဇင်ဘာလ (၁၄) ရက်နေ့က ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ် ဆင်တိုက်ခိုက်ခဲ့သည့်နောက် စစ်ကောင်စီမှ လက်နက်ကြီး၊ လေကြောင်း ပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန် ခုခံစစ်သုံးခဲ့သောကြောင့် ဆမီး ဒေသခံများ အားလုံးနီးပါးသည် တိမ်းရှောင် ထွက်ပြေးလျက်ရှိကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်သည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁၀ ရက် ထိ (၄၅) ရက်တာအတွင်း ပလက်ဝမြို့နယ်ရှိ တရွင်အိုင်၊ နှုံးဘူး အပါအဝင် အနည်းဆုံး စခန်း ၁၇ ခုကို သိမ်းပိုက်ထားသည်ဟု သိရှိရသည်။  ( NN-11)

ဆက်စပ် သတင်းများ