တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မြောက်ကိုးရီးယားက လောင်စာခဲသုံး ဟိုက်ပါဆိုးနစ် တာလတ်ပစ် ဒုံးပျံစမ်းသပ်ပစ်ခတ်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 716

မြောက်ကိုးရီးယားသည် လောင်စာခဲအသုံးပြု ဟိုက်ပါဆိုးနစ် တာလတ်ပစ် ဒုံးပျံတစ်စင်းကို ဇန်နဝါရီ ၁၄ရက်( တနင်္လာနေ့က) စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း KNCA သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး ဒုံးပျံစမ်းသပ်မှုမှာ အိမ်နီးချင်းနိုင်ငံများကို ရန်ပြုရန် မဟုတ်ဟု ဖော်ပြခဲ့သည်။

ဒုံးပျံစမ်းသပ်မှုသည် တွန်းအားမြင့် လောင်စာခဲအင်ဂျင်အသုံးပြု၍ ထိန်းချုပ်နိုင်သည့် ထိပ်ဖူးပါ ဟိုက်ပါဆိုးနစ် တာလတ်ပစ်ဒုံးပျံ​၏ နည်းပညာစွမ်းဆောင်ရည်ကို လေ့လာခြင်းသာဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြသည်။

ဒုံးပျံစမ်းသပ်သည့်နေ့မှာပင် မြောက်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုးဆန်ဟိုင်း နှင့်အဖွဲ့သည် ရုရှားနိုင်ငံသို့ ထွက်ခွါသွာကြောင်း KNCA သတင်းတွင် ဖော်ပြခဲ့သည်။

မြောက်ကိုးရီးယားနိုင်ငံသည် မကြာသေးမီရက်များအတွင်း တိုက်ချင်းပစ်ဒုံး စမ်းသပ်ပစ်လွှတ်ခြင်း၊ ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်ခြင်း၊ ရုရှား နှင့် ဆက်ဆံရေး တိုးမြှင့်လာခြင်းများ ပြုလုပ်ခဲ့ရာ ကိုးရီးယားနှစ်နိုင်ငံကြား တင်းမာမှုမှာ မြင့်တက်လျက်ရှိသည်။

တောင်ကိုးရီးယား​၏ စစ်ရေးလေ့ကျင့်မှုများ နှင့် စစ်ရေးပြင်ဆင်မှုများက ဒေသတွင်းတင်းမာမှုကို ဖြစ်စေသည်ဟု မြောက်ကိုးရီးယားက စွပ်စွဲထားပြီး မီးပွားတစ်စကြောင့် နှစ်နိုင်ငံ လက်တွေ့ စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

တနင်္ဂနွေနေ့က စမ်းသပ်ပစ်လွှတ်ခဲ့သော မြောက်ကိုးရီးယားဒုံးပျံသည် တောင်ကိုးရီးယား အရှေ့ဘက် ကမ်းရိုးတန်းအလွန် မိုင်၇၀၀ ခန့်အထိ ရောက်ရှိသည်ဟု တောင်က်ုးရီးယား စစ်တပ်က ဆိုသည်။

မြောက်ကိုးရီးယားသည် လောင်စာခဲအင်ဂျင်အသုံးပြု တာလတ်ပစ် ဒုံးပျံစမ်းသပ်မှုကို ယခင်ကလည်း ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက် နှင့် ၁၄ရက်များတွင် နှစ်ကြိမ်စမ်းသပ်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

NN-27

 ref:can

ဆက်စပ် သတင်းများ