- Web Master
- ၂၈ ဧပြီ ၂၀၂၄
အေးမြတ်ခိုင်/ နိရဥ္စရာ၊ မတ်လ ၂၇ /၂၀၂၄
စစ်ရေးအခြေအနေများကြောင့် ဝန်ထမ်းအများအပြား စစ်တွေပြည်သူ့
ဆေးရုံကြီးကို စွန့်ခွာသွားကြသဖြင့် ဝန်ထမ်းများ မလုံလောက်မှုနှင့် ကြုံတွေ့နေရကြောင်း
သတင်းရရှိသည်။
စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ယခင်က ဆရာဝန်နှင့်
သူနာပြု ဝန်ထမ်း ၃၀၀ ကျော်ရှိရာမှ လက်ရှိတွင် ၄၀ ကျော်သာ ကျန်ရှိသည့်အတွက် လူနာများအား ဝန်ဆောင်မှုပေးရန် အခက်ကြုံနေရသည်ဟု အမည်မဖော်လိုသူ ဝန်ထမ်းအမျိုးသမီးတစ်ဦးက
ပြောသည်။
"စစ်တွေမှာက လက်ရှိ လက်ထောက် ဆရာဝန်တွေနဲ့ သူနာပြုတွေလောက်ပဲရှိပါတော့တယ်။ စုစုပေါင်း ဝန်ထမ်း ၄၀ ကျော်လောက်ပဲ ရှိတော့တယ်။ ဆရာဝန်ကြီးတွေတောင် မရှိကြတော့ပါဘူး။ လူမနိုင်လို့ အခုက၂၄ နာရီ တာဝန်ထမ်းဆောင်နေကြရပါတယ်။ လူနာတွေကိုလည်း သီးသန့် မကြည့်ပေးနိုင်တော့လို့ စုပြီးထားထားရပါတယ်" ဟု ပြောသည်။
ဝန်ထမ်း ၄၀ ကျော်ဖြင့် ၂၄ နာရီလုံး အလုပ်ဆင်းပေးနေကြရသဖြင့် လူနာများကိုလည်း သေသေချာချာ ဂရုစိုက်ပြီးကုသပေးနိုင်ခြင်း မရှိတော့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ရခိုင်တွင် တိုက်ပွဲများနေ့စဉ် ရက်ဆက်ဖြစ်ပွားနေသလို စစ်ကောင်စီတပ်စခန်းများအပါအဝင် စစ်ကောင်စီရုံးစိုက်ရာ ခရိုင်၊ မြို့နယ်များလည်း တစ်ခုပြီး တစ်ခု ရက္ခိုင့်တပ်တော် သိမ်းပိုက်လာသဖြင့် စစ်တွေတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေး တိမ်းရှောင် နေကြသည်ဟု သိရသည်။
ဆေးဆိုင် ဝန်ထမ်းအမျိုးသမီးတစ်ဦးက“ စစ်တွေမှာက ကျန်းမာရေး ဝန်ထမ်းတွေသာမက ကျန်ဌာနတွေက
ဝန်ထမ်းတွေလည်း အလုပ်မဆင်းကြတော့ဘူး။ ရန်ကုန်ကို စစ်ဘေး ရှောင်သူတွေရှိသလို နယ်ဘက်တွေလည်း
စစ်ဘေးရှောင်သူတွေရှိတယ်။ စစ်တွေမှာ လက်နက်ကြီးတွေကျပြီး လူတွေသေကတည်းက ကြောက်ပြီး
မြို့ကို စွန့်ခွာသွားသူတွေ များသွားပါတယ်။ အသက်ထက် ဘာမှ အရေးမကြီးဘူးလေ” ဟု ပြောသည်။
ယခုကဲ့သို့ စစ်ရေးပြင်းထန်နေသည့် ကာလများတွင်
ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု
"စစ်တွေမှာကလည်း လက်နက်ကြီး ကျတာတွေကြောင့် ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လေ။
မြို့ပေါ်မှာ လက်ရှိ အေးချမ်းနေသေးပေမယ့်
ဘယ်အချိန်မှာ ဘာဖြစ်မလဲစိုးရိမ်ရတယ်။ ဖြစ်သွားရင်လည်း ဆေးဝါးကုသမှုအပိုင်းမှာ
စိတ်ပူရတယ်။ အရင်နဲ့မတူဘူး။ ဆေးလည်းမစုံ ဆရာဝန်တွေလည်းမရှိနဲ့ ကျမ ဟိုရက်ပိုင်းက
လူနာစောင့်တုန်းက တွေ့ခဲ့ရပါတယ်။ တခုခုဖြစ်ရင်
အရမ်းစိုးရိမ်စရာကောင်းပါတယ်"ဟု ပြောသည်။
စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဝန်ထမ်းအများစု ဆေးရုံကို စွန့်ခွာသွားမှုကြောင့် ဝန်ထမ်းအင်အား မလုံလောက်မှုဖြစ်နေခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ
ဥပဒေချုပ် ဦးလှသိန်း၊ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်ရာ ဖုန်းလိုင်းများပိတ်ထားသဖြင့်
ဆက်သွယ်၍ မရရှိခဲ့ပါ။
၎င်းအပြင် ကျောက်ဖြူ
နှင့် သံတွဲဆေးရုံများတွင်လည်း ဝန်ထမ်းအင်အားမလုံလောက်တော့ကြော
"သံတွဲ နဲ့ ကျောက်ဖြူမှာ တချို့ ဆရာဝန်တွေ ရန်ကုန်ဘက်ကို
ရှောင်သွားတယ်။ တချို့ကျတော့ အော်ဒါနဲ့ ရှောင်သွားတယ်။ ပြောင်းသွားတယ်ပေါ့။
တချို့ကျတော့ ခွင့်ယူပြီး ပြန်မဝင်တာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။ ကျောက်ဖြူမှာ
အရိုးအထူးကု၊ နား၊နှာခေါင်း၊လည်ချောင်းအထူးကု
စစ်တွေခရိုင်အတွင်းမှ ပေါက်တော၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း ကျွန်းမြို့ကို့
အေအေက သိမ်းပိုက်ပြီးနောက် စစ်တွေမြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွါးလာမည်ကိုစို
ယင်းအပြင် ရမ်းဗြဲမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း အမ်း၊ ကျောက်ဖြူ၊ သံတွဲ၊
တောင်ကုတ်မှ ကျန်းမာရေးဝန်ထမ်းများအပါအဝင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများသည်