တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မိုင်းနင်းပြီး တစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ရခိုင်တွင် မိုင်းနင်းမိ၍ အမျိုသမီးတစ်ဦးသေဆုံးပြီး လူငယ်တစ်ဦးဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာက ဒေါ်မအေးနွယ် (၅၀) နှစ် (ဘ) ဦးသိန်းစောအောင်ဖြစ်ကြောင်း သိရသည်။

ရွာသားတစ်ဦးက “ မနေ့က မေယုတောင်ခြေရင်းကို ထင်းခွေဖို့သွားတာမှာ နယ်ခြားစောင့် ထောင်ထားတဲ့ မိုင်းကို နင်းမိပြီးသေတာပါ” ပြောသည်။

မင်းပြားမြို့နယ်၊အမ်းသားရွာတွငfလည်း  စစ်ရှောင်နေသည့် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားပြီး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

ဒဏ်ရာရရှိသည့်အမျိုးသားမှာ မင်းပြားမြို့၊ဥက္ကာပျံရပ်ကွက်မှ အမ်းသားရွာတွင်စစ် ရှောင်နေသည့် မောင်ငြိမ်းချမ်း အသက်(၂၀)ကျော်အရွယ်ဖြစ်သည်။

မင်းပြားမြို့၊ ရာမောင်တံတားဟောင်းအနီး ဖားပြိုကျေးရွာ သင်္ချိုင်းတောင် အနီးအနား တွင် ယနေ့ဇန်နဝါရီ ၂၇ရက်နေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်ကဇီးသီးသွားခူးရာမှ မိုင်းနင်းမိသွားသည်ဟု အမ်းသားကျေးရွာမှ ဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" သူတို့အဖွဲ့လိုက်က စစ်သားတွေတပ်စွဲခဲ့တဲ့ နေရာက ဇီးပင်မှာ ဇီးသီးသွားခူးကြတာ။ ဇီးသီးရရင် ရောင်းကြတယ်ပေါ့နော်။ အဲ့ဒီမှာမိုင်းနင်းမိလို့  ညာဖက်ခြေထောက်ပြတ်တယ်။ မျက်နှာ တစ်ခြမ်းလည်းပျက်သွားတယ်" ဟုပြောသည်။

ဒဏ်ရာရရှိသည့်နေရာမှာ ညာဖက်ခြေထောက်ပြတ်ပြီး၊ဘယ်ဖက်ခြေထောက်တွင်လည်းမိုင်းစထိမှန်ပြီး ညာဖက်မျက်လုံးနှင့် မျက်နှာတွင်ဒဏ်ရာပြင်းထန်ပြီး ပြားချောင်းဆေးခန်းတွင် ဆေးကုသမှု ခံနေရသည်ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်စွဲခဲ့သည့် မင်းပြားရာမောင်တံတားဟောင်းနှင့်အနီးအနားရွာပတ်ဝန်ကျင်တစ်ချို့တွင် မိုင်းများထောင်ထားခဲ့သည့်အတွက် မသွားရောက်ကြရန် ရပ်ရွာလူကြီးများကတားမြစ်ထားကြောင်း သိရသည်။

" ကျနော်တို့ရပ်ရွာကလူတွေက ရာမောင်တံတားအဟောင်းဖက်ကမသွားနဲ့ အဲ့ဒီဖက်က မိုင်းမရှင်းရသေးဘူးလို့ စစ်ရှောင်တဲ့သူတွေကိုရော ရွာသားတွေကိုရောပြောထားပါတယ်။ အဲ့ဒီကြားထဲကသွားကြတာ။ သူတို့ရဲ့ဝမ်းရေးအတွက်ကြောင့်ပဲထင်ပါတယ်" ဟုပြောသည်။

နောက်ထပ်သတင်းတစ်ခုတွင် ယမန်နေ့က ရသေ့တောင်မြို့ တောင်လှမော် ဘက်သို့ ပစ္စည်းသွားယူသူတစ်ဦးကို စစ်တပ်က စနိုက်ဘာဖြင့် ပစ်ခတ်၍ သေဆုံးကြောင်း သတင်းရရှိသော်လည်း ဖုန်းအခက်အခဲကြောင့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။ (NN-11)

ဆက်စပ် သတင်းများ