တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

မန္တလေးတွင် အပူဒဏ်ကြောင့် သေဆုံးသူ ၅၀ ကျော်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 636

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၃ / ၂၀၂၄

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတွင် အပူဒဏ်ကြောင့် သေဆုံးသူ ၅၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ဆင်ဟွာသတင်းကို ကိုကား၍ Odisha သတင်းက ဖော်ပြသည်။

 

သေဆုံးသူများထဲတွင် အယောက် ၃၀ ခန့်သည် နဂိုရှိရင်းစွဲ နာတာရှည်ရောဂါများ ရှိကြပြီး အများစုမှာ အသက် ၅၀ မှ ၉၀ အတွင်း ဖြစ်ကြောင်း ၎င်း သတင်းတွင် ဖော်ပြထားသည်။

 

 မြန်မာနိုင်ငံတွင် ယခုနှစ်ဧပြီလအတွင်း အပူလှိုင်းဖြတ်ခြင်းကြောင့်အပူချိန် သိသိသာသာ မြင့်တက်လာခဲ့ကာ အပူရှပ်မှုများဖြစ်ပွားခဲ့သည်။

 

မတ်လတွင် ဆေးရုံတင်ထားရသူ ဦးရေမှာ ရှစ်ဦးသာရှိသော်လည်း ဧပြီလတွင် ၅၀ ကျော်အထိ တိုးလာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

မန္တလေးတိုင်းဒေသကြီးသည် ဧပြီလ ၂၈ ရက်နေ့တွင် အပူချိန် ၄၄ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၇၇ နှစ်အတွင်း အပူဆုံး ဧပြီလကို ကြုံတွေ့ခဲ့ရကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဆက်စပ် သတင်းများ