- Web Master
- ၂၇ သြဂုတ် ၂၀၂၄
ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၊မြို့မစျေးကြီးအပါအဝင်အနိမ့်ပိုင်းရပ်ကွက်တချို့တွင်ယနေ့ဩဂုတ်လ၈ရက်၊မနက်ပိုင်းတွင် တောင်ကျချောင်းရေဝင်ရောက်ကာရေနစ်မြုပ်နေကြောင်းသတင်းရရှိသည်။
ယမန်နေ့ ဩဂုတ်လ ၇ ရက်ညပိုင်းကပင် လက်ရှိအချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းနေ၍ အဆိုပါမြို့မစျေးကြီးနှင့် အနိမ့်ပိုင်းရပ်ကွက်တချို့ကို တောင်ကျချောင်းရေဝင်ရောက်ကာ ရေကြီးရေလျှံ
ဖြစ်နေကြောင်း မြို့ခံများက ပြောသည်။
လက်ရှိတောင်ကုတ်မြို့မစျေးကြီး
တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်ရှိအနိမ့်ပိုင်းလမ်း
တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ်ရပ်ကွက်များမှာ တချို့လမ်းများတွင် ရေ အနည်းဆုံး ၂ ပေကျော်ထိတက်နေကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လ ၃၁ ရက်ကလည်း မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ်မှ မြေနိမ့်ပိုင်းတချို့နှင့် အင်းခုံတောင်ရပ်ကွက်တို့တွင် တောင်ကျ ချောင်းရေဝင်ရောက်နစ်မြုပ်ခဲ့
ဓာတ်ပုံံ - တောင်ကုတ်မြို့မစျေးကြီးရေနစ်မြု