- Web Master
- ၁၅ ဇန်နဝါရီ ၂၀၂၄
ရခိုင်ပြည်နယ်၊
ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြကျောင်းဆရာမတစ်ဦးသည် ယနေ့နံနက်က စာပြသွားစဉ်
အသတ်ခံလိုက်ရသည်ဟု ဒေသခံများကပြောသည်။
သေဆုံးသူမှာ
ရသေ့တောင်မြို့နယ်၊ ပန်းဖော်ပြင် အလယ်တန်းကျောင်းတွင်တာဝန်ကျနေ
ဆရာမ ဒေါ်နှင်းယုမေသည်
သူနေထိုင်ရာ ရသေ့တောင်မြို့နယ်၊ မယူကမ်း ကျွန်းပေါ်ပေါက်တော ကျေးရွာမှ
ပန်းဖော်ပြင် အလယ်တန်းကျောင်းသို့ ယနေ့ စက်တင်ဘာလ ၁၆ ရက်၊
နံနက်က စာပြရန်သွားစဉ် လမ်းတွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ရွာသားများက
ပြောသည်။
လည်ပင်းကို
လှီးဖြတ်ခံထားရသည့်ဒဏ်ရာဖြင့်သေ
"အဝတ်တွေ
လန်ပြီးသေနေတယ်။ လည်ပင်းလှီးထားတယ်။ အဓမ္မပြုကျင့်ခံရပြီး
အသတ်ခံလိုက်ရတာဖြစ်နိုင်တယ်လို့တော့ ခန့်မှန်းပြောနေကြပါတယ် "
ဟု ပြောသည်။
သို့သော် နိရဉ္စရာသတင်းဌာနအနေဖြင့် အသတ်ခံရသည့် အကြောင်းအရင်းနှင့်
ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူများ၏ သီးခြား အတည်ပြုချက်ကို ရယူနိုင်ခြင်း
မရှိသေးပါ။
လက်ရှိတွင်
ဆရာမ၏ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးနေကြောင်း သိရသည်။