ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

မြန်မာစစ်ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့ပြီး အကြမ်းဖက်မှုများ အဆုံးသတ်ရေး တောင်းဆို ခဲ့ကြောင်းကုလအထူးကိုယ်စားလှယ်က ပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 547

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၄

မြန်မာစစ်ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့ပြီး အကြမ်းဖက်မှု အဆုံးသတ်ရေး တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဖော်ပြချက်အရသိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဂျူလီ ဘိရှော့သည် မြန်မာနိုင်ငံ၊နေပြည်တော်သို့ လာရောက်ခဲ့ပြီးစစ်အာဏာရှင် အကြီးအကဲနှင့် တွေ့ဆုံခဲ့ကြောင်း အောက်တိုဘာ(၂၉)ရက်၊ (အင်္ဂါနေ့) က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ သက်ဆိုင်သူအားလုံး​တို့ သည် "ဘက်တစ်တစ်ဖက်တည်းက အပြတ်အသတ် အနိုင်ရသည့်' အခင်းအကျင်းကို ကျော်ဖြတ်ကာ စဥ်းစားရမည်ဟု၄င်းက ဆက်လက်ပြောဆိုသည်။

ယခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခြင်းခံခဲ့ရသည့်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘီရှော့က ပြန်လည်သင့်မြတ်ရေးအတွက် အကြမ်းဖက်မှုများ အဆုံးသတ်ရန် လိုအပ်ကြောင်း၄င်းက ထပ်လောင်း ပြောဆိုသည်။

စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် လူပေါင်း (၃.၁) သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ပြောဆိုသည်။

"ကျွန်မ နေပြည်တော်ကို သွားရောက်ခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ပြန်လာ ခဲ့ပါ တယ်" ဟု ၄င်းက ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ခရီးစဉ်နှင့် ပတ်သက်သည့်အ အသေးစိတ်နှင့်မည်သည့်အချိန်က ၄င်းတို့နှစ်ဦးတွေ့ဆုံခဲ့ကြသည်ကိုမူထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

၄င်းသည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ၊ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သက်ဆိုင်သူ အားလုံးနှင့် ဘက်မလိုက်ခြင်းမရှိဘဲ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆရာ၄င်းကဆက်လက် ပြောဆိုသည်။ Source/Reuters

ဆက်စပ် သတင်းများ