- Web Master
- ၀၂ သြဂုတ် ၂၀၂၄
သန်းသန်း
နိရဥ္စရာ ဇွန် ၂ဝ၊ ၂ဝ၁၉
ရခိုင်ပြည်နယ်အတွင်း ယခုနှစ် ဇွန်လ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦး ၁၈ဝ ဦးရှိကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် အတွင်း ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၂ဝ ရက်နေ့ထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ စုစုပေါင်း ၃၄၂ ဦးရှိပြီး ထိုအထဲတွင် ဇွန်လအတွင်း ဖြစ်ပွားသူ ၁၈ဝ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှင့် ရှာဖွေရေးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာသိီဟက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၅ ယောက်၊ ဖေဖော်ဝါရီလတွင် ၁၅ ၊ မတ်လတွင် ၂၂ ယောက်၊ ဧပြီလတွင် ၁၄ ယောက် ၊ မေလတွင် ၉၆ နှင့် ဇွန်လတွင် ဖြစ်ပွားနေသူ ၁၈ဝ ယောက်၊ ဇန်နဝါရီမှ ဇွန်လ ၂ဝ ရက်နေ့ထိ စုစုပေါငး် ဖြစ်ပွားသူ ၃၄၂ ဦး ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ခုချိန်ထိ့တော့ သေဆုံးမှုမရှိသေးဘူး။ ဆရာတို့က ဒီသွေးလွန်တုပ်ကွေးရောဂါကိုရောဂါဖြစ်မှ ကုသတာထက်စာလို့ရှိရင် ကာကွယ်နှိမ်နှင်းရေးအပိုင်းတွေကို ပိုပြီးလှုံဆော်ချင်ပါတယ်။ ကာကွယ် နှိမ်နင်းရေး အပိုင်းမှာဆိုရင် ခြင်မပေါက်ဖွားအောင် ကာကွယ် တားဆီးဖို့က ပိုပြီးအရေးကြီးတယ်” ဟု ဒေါက်တာသီဟက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားသောဒေသမှာ သံတွဲ ၊စစ်တွေ၊ ဂွ နှင့် တောင်ကုတ်မြို့နယ်များဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါသည် နေ့လယ်နေ့ခင်းတွင် ကိုက်လေ့ရှိသော ခြင်များမှ တဆင့် ကူးစက်တတ်သော ရောဂါဖြစ်ကြောင်း သိရသည်။