- Web Master
- ၀၂ သြဂုတ် ၂၀၂၄
စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၅ /၂ဝ၁၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး ခုတင် ၅ဝဝဆံ့ တိုးချဲ့ လေးထပ်လူနာဆောင် အဆောက်အဦသစ် ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ သည်။
ဖွင့်ပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းတို့ တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာမှ စုစုပေါင်း လူဦးရေ ၁ဝဝ ကျော် တက်ရောက်ခဲ့သည်။
ထိုလေးထပ်လူနာဆောင်ကို ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ (၃၃၄ဝ ဒသမ ၃၂)သန်းဖြင့် (၂ဝ၁၆-၁၇) ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊အဆောက်အဦ ဦးစီးဌာန၊အဆောက်အဦ အထူးအဖွဲ့(၁၄) မှတာဝန်ယူ ဆောက်လုပ်ခဲ့ပြီး (၂ဝ၁၈-၁၉)နှစ်တွင် ပြီးစီးခဲ့ရာ ယနေ့တွင် ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ခုတင်(၅ဝဝ)ဆံ့ ဆေးရုံကြီးဆိုသော်လည်း ကုတင်(၃၅ဝ)သာ အသုံးပြုနိုင်ခဲ့သည့်အတွက် ယခု တိုးချဲ့ လူနာဆောင်ကို ဆောက်လုပ်ရခြင်းဖြစ်ပြီး ဖျားနာလူနာဆောင်၊မျက်စိလူနာဆောင်၊ အထူးကု ပြင်ပ လူနာဌာန တို့ကို ပြောင်းရွှေ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါက်တာမိုးမြင့်ဝင်း က ပြောသည်။
“ခုတင် ငါးရာဆိုပေမယ့် လက်ရှိကျွန်တော်တို့ အသုံးပြုနိုင်တာက ၃၅ဝ ပဲ။အဲအတွက် နောက်ထပ် ခုတင်ငါးရာပြည့်ဖို့ ၁၅ဝ လိုတယ်။အဲအတွက် ကျွန်တော်တို့က ဒီဟာကို ဆောက်လုပ်ရတာ ဖြစ်တယ်။ အခုအဲဒီကိုပြောင်းမယ့် ဖျားနာဆောင်တို့၊ မျက်စိဆောင်တို့ဆိုတာက လူအင်အားနဲ့ သူ့ပစ္စည်းထဲက ဒီအတိုင်းရွှေ့သွားမှာ။ အဲဒီမှာက လိုတာတွေ အဲယားကွန်းတွေ အကုန်လုံး ထည့်ထားတယ်” ဒေါက်တာ မိုးမြင့်ဝင်းက ပြောသည်။
လက်ရှိဖွင့်လှစ်လိုက်သည့် လေးထပ်လူနာဆောင်တွင် ဓါတ်လှေကားနှစ်ခု၊ လူနာခန်း အများအပြား ပါရှိပြီး အခန်းတစ်ခန်းတွင် အဲယားကွန်းနှစ်လုံး၊ ရေခဲသေတ္တာ ၆ လုံး ကို တပ်ဆင်ထားသည်။
စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးကို ၁၈၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း အဆောက်အဦ အားလုံး နီးပါးပျက်စီးခဲ့ရာ စစ်ပြီးကာလ ၁၉၄၆ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ကြောင်း သိရသည်။
၁၉၅၉ ခုနှစ်တွင် ရှားမားပုံစံ (၇၅)ခုတင်ဆံ့ အဖြစ်လည်းကောင်း၊၁၉၆၄ ခုနှစ်တွင် ခုတင် (၁၅ဝ)ဆံ့အဖြစ်လည်း ကောင်း၊၁၉၇၅ ခုနှစ်တွင် ခုတင်(၂ဝဝ)ဆံ့ ပြည်နယ်ဆေးရုံကြီးအဖြစ်လည်းကောင်း အဆင့်တိုးမြှင့်ခဲ့သည်။
၂ဝ၁၅ ခုနှစ်တွင် ခုတင်(၅ဝဝ)ဆံ့ ဆေးရုံကြီးအဖြစ် ဖွဲ့စည်းပုံတိုးမြှင့်ခဲ့သော်လည်း ခုတင်(၃၅ဝ)သာ အသုံးပြုနိုင် မှုရှိခဲ့သည်။
-------------------------------------
Unicode:
နိရဉ်စရာ၊နိုဝငျဘာ ၂၅ /၂ဝ၁၉