တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် ပေါက်တောမူဆလင်ကျေးရွာတွင် ဝမ်းရောဂါဖြင့်နောက်ထပ်ကလေးငယ်တစ်ဦး သေဆုံး၊ သေဆုံးသူ ၇ ဦးထိရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 9.9k

ချစ်အိလှိုင်

နိရဥ္စရာ၊ မေ ၃၁/၂ဝ၂၁

ဝမ်းရောဂါဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု ပေါက်တော မူဆလင်ကျေးရွာတွင် ယမန်နေ့ ည ၈နာရီခန့်က နောက်ထပ်ကလေးငယ်တစ်ဦး သေဆုံးကြောင်း သတင်းရရှိသည်။

၄င်းသေဆုံးသည့်ကလေးငယ်များမှာ ၂ နှစ်အရွယ်ဖြစ်ပြီး ပန်းမြောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းကျေးရွာစီမံအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကပြောသည်။

မြောင်းဘွေနဲ့ ပန်းမြောင်းဆေးရုံနှစ်ခုမှာ သွားပြကြတယ်။ မနေ့ညကဆုံးတာလည်းကလေးပါပဲ။ နေမကောင်းဖြစ်နေတဲ့လူတွေလည်းရှိပါသေးတယ်။ ဒကလေးက ပန်းမြောင်းဆေးရုံမှာသေတာပါ"

မင်းပြားမြို့ဆေးရုံအုပ်ဒေါက်တာနေဝင်းထွန်းက "မနေ့ညကထပ်သေဆုံးတဲ့ကလေးက ရောဂါ အခံလည်းရှိပါတယ်။ အဆုတ်ရောင် ရောဂါအခံရှိတယ်။ ရွာမှကတော့ မေလ၂၆ ရက်နေ့ကနေ တစ်နေ့ကို လူခုနစ်ဆယ်၊ ရှစ်ဆယ် ရောဂါဖြစ်ကြတယ်ပေါ့။ မနေ့ကတော့ သုံးဆယ်လောက်ပဲ လူနာထပ်ဖြစ်တယ်။ အရင်နေ့ကလူနာတွေက သက်သာသွားကြပြီ။ လက်ရှိပန်းမြောင်းဆေးရုံမှာ ကုသမှုခံယူနေကြတယ်" ဟုပြောသည်။

ကျန်းမာရေးဌာနမှ လက်ရှိ တစ်ကိုယ်ရည် သန့်ရှင်းရေး အသိပညာပေးမှုများနှင့် အစားအသောက် များကို စနစ်တကျထားရှိရန်၊ ရေကိုကြိုချက်ပြီးမှ သောက်သုံးရန် သွားရောက် ကွင်းဆင်း လုပ်ဆောင် ပေးနေကြသဖြင့် ရောဂါဖြစ်ပွားမှု ကျဆင်းလာနေကြောင်း သူကဆက်ပြောသည်။

အဆိုပါနဂရာကျေးရွာတွင် မေလ ၂၆ ရက်နေ့တွင် ဝမ်းပျက်၊ ဝမ်းလျောရောဂါစတင်ဖြစ်ပွားပြီး ယမန်နေ့ မေလ ၃၀ ရက်နေ့အထိ လေးရက်အတွက် ကလေးငယ် ၇ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ